အပိုင်း ၁၁

Depuis le début
                                    

''ကျွန်တော်ဘယ်ဘာသာရပ်ကိုယူသင့်လဲခဗျ''

''မောင်ရင်အားသန်တဲ့ဘက်ကိုယူပါလေ ကျုပ်ကောလိပ်တက်တုန်းကတော့ ငယ်စဥ်ကတည်းက အင်္ဂလိပ်ဘာသာရပ်နဲ့မစိမ်းသက်လို့ အင်္ဂလိပ်စာဌာနမယ်တက်ခဲ့တာ''

''ကျွန်တော်လည်းအင်္ဂလိပ်စာဘာသာရပ်ယူချင်ပါတယ်''

ဆက်ထင်မျက်ခုံးတို့ပင့်သွားသည်။ခတ္တာကပေါ့ပေါ့ပါးပါးပင် သွားတက်လေးများပေါ်သည့်အထိရယ်လျက်ပြော၏။

''သေချာသလား''

''ကိုယ့်ကိုယ်ကိုယ်မြှောက်ပြောတာတော့မဟုတ်ပေမယ့် ကျွန်တော်က စာလဲတော်သလို အိုင်ကျူလဲမြင့်တယ်ခဗျ''

''အိုင်ကျူဟုတ်သလား''

ဆက်ထင်ရဲ့ရယ်သံဟာ ဧည့်ခန်းအတွင်းပျံ့လွင့်သွားသည်။

''သိပ်စကားတတ်သည်ပဲခတ္တာ ကျုပ်မင်းရဲ့စကားကိုတထစ်ချတော့မယုံသေးဘူး အပြောထပ် လက်တွေ့အလုပ်နဲ့သက်သေပြတာပိုမကောင်းဘူးလား''

''ဟုတ်ကဲ့ခဗျ ကျွန်တော်ကြိုးစားမှာပါ''

ဆက်ထင် ခေါင်းတဆတ်ဆတ်ငြိမ့်လိုက်သည်။ခတ္တာပြောသည်ကိုဆက်ထင် လက်ခံသည် သာမာန်နယ်ကတက်လာတဲ့ကလေးမှမဟုတ်ပဲ လူကသာအကောင်သေးသေးပေါက်စနလေးနယ်နယ်ရရ​တော့မဟုတ်ပညာအရာမှာဇနှင့်မလို့ လျော့တော့တွက်မရ​။ဒါ့ထပ်ဗဟုသုတုကကြွယ်ပြီးဖြတ်ထိုးဉာဏ်ကလဲကောင်းလွန်းသည်။ဒေါ်စုံပြောသလို 'ခတ္တာကမသိတာမတတ်တာမရှိသလောက်ပဲ' ဟူသောစကားကိုဆက်ထင်လက်ခံလာသည်အထိ။

(ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)

''ကိုယ်တိုင်ကြွလာတယ်ဆိုတော့အရေးကြီးကိစ္စများရှိလို့လား လူကြီးမင်း''

''ဆိုပါတော့...''

ဆက်ထင် ကိုယ့်အိမ်ကိုယ့်ယာလို ခြေချိတ်ထိုင်၍ အကြမ်းရည်သောက်နေသော်လည်းရှေ့ကလူမှာကျုံ့ကျုံ့လေးနှင့်နေရခက်နေသည့်ပုံစံပင်။

''ဒါများ အခေါ်လွှတ်လိုက်ရင်ကျုပ်ကိုယ်တိုင်လူကြီးမင်းအိမ်လာခဲ့မှာပေါ့''

''ကျုပ်ဆန်စက်ဘက်ဆင်းရင်းလမ်းကြုံတာနဲ့ဝင်ခဲ့တာပဲဦးသန်းကျော်''

Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed Où les histoires vivent. Découvrez maintenant