အပိုင်း ၉

Începe de la început
                                    

ဒီလောက်ကြီးတဲ့ဒဏ်ရာကိုဆနွင်းထည့်ပေးသည့်ဒေါ်စုံကိုအံ့သြမိသည်။ဒီတိုင်းဆက်ထားရင်သေချာပေါက်ပိုးဝင်လိမ့်မည်ဖြစ်တာမလို့ဆက်ထင်ဆေးထည့်ပေးရမည်...။

''ဟိုးမွာ...စာအုပ်စင်တွေ့သလားဒုတိယအကန့်မှာအံဆွဲရှိတယ် အထဲကဆေးသေတ္တာသွားယူခဲ့''

''ခဗျာ...''

''ပြောရင်လေးပင်မနေစမ်းနဲ့ ကျုပ်နှစ်ခါပြောရတာအဆင်မပြေဘူး''

အနည်းငယ်မာန်လိုက်တော့မှ ခတ္တာဟာ လျှပ်စီးသဖွယ် စာအုပ်စင်နားရောက်သွား၍ အထဲမှဆေးသေတ္တာဗူးကိုယူပြီးဆက်ထင်အနားပြန်ရောက်လာသည်။ ဆက်ထင်အရှေ့ရောက်လာသည့်ဆေးသေတ္တာဗူးကိုယူ၍ အရက်ပြန်ပုလင်း ဂွမ်းနှင့်လိမ်းဆေးတမျိုးကိုထုတ်လိုက်သည်။

''နာ...နာမှာလားခဗျ''

ဆက်ထင် ခတ္တာအမေးကိုဘာမှပြန်မပြောမိ ဂွမ်းအနည်းငယ်ယူလိုက်၍သန့်စင်ထားသည့်အရက်ပြန်အားအနည်းငယ်စွတ်လိုက်သည်။

''လက်ပေး''

ဆက်ထင်လက်ဖြန့်ကာ မောင်ခတ္တာရဲ့လက်ကိုတောင်းလိုက်၏။ ထိုအခါတွန့်ဆုတ်တွန့်ဆုတ်လက်သေးသေးလေးကလေးမှ ဆက်ထင်လက်ဖဝါးထဲသို့ရောက်လာသည်။ခတ္တာရဲ့လက်တို့ဟာ ဆက်ထင်မထင်ထားမိလောက်အောင်နူးညံ့နေပြီး လက်ချောင်းတို့မှာသေးသွယ်လျက်အကြည်ရောင်လက်သည်းခွံတို့မှာပန်းရောင်ဘက်ပြေးနေ၏။

ဆက်ထင်ဂွမ်းစကိုဒဏ်ရာပေါ်သို့တင်လိုက်ပြီးသန့်ရှင်းရေးလုပ်လိုက်သည်။

''အာ့ နာ...နာလို့ဗျ''

''ဘယ်လိုဖြစ်နေသလဲယောကျာ်းမဟုတ်ဘူးလားမောင်ရင်''

''ဟုတ်ပါတယ်''

''ဒါဆိုပါးစပ်ပိတ်ထားစမ်း''

ဆက်ထင်ပြောလိုက်တော့ ခတ္တာက သူ့လက်တဖက်နှင့်သူ့နှုတ်ခမ်းကိုအုပ်ထားသည် ထိုအမူအရာကြောင့်ဆက်ထင်နှုတ်ခမ်းတဖက်ကော့ညွှတ်သွား၏ တကယ့်ဟာလေး။

''ဘိလပ်စကားဘယ်တုန်းကတတ်သွားသလဲ''

ဆက်ထင်မေးချင်နေသည့်မေးခွန်းအားအခွင့်ရေးရတုန်းကိုမေးလိုက်သည်။လွန်ခဲ့တဲ့ရက် ဘိလပ်ကဆက်ထင်ရဲ့သူငယ်ချင်းများလာသည့်အချိန်တွင်ခတ္တာအင်္ဂလိပ်ဘာသာစကားသုံးလိုက်သည်ကိုဆက်ထင်မြင်လိုက်၏။အရာရှိများထဲတောင်ခတ္တာလောက်လေယူလေသိမ်းကောင်းတဲ့သူမရှိ အများက တတ်ချင်လို့ ၃ ၄နှစ်အချိန်ပေးသင်ရသည့်ထိုစကားကိုပေါ့ပေါ့ပါးပါးပြောလိုက်သည်က ဘိလပ်ကသူငယ်ချင်းနှစ်ယောက်တောင်ချီးကျူးသွားသည်ထိ

Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed Unde poveștirile trăiesc. Descoperă acum