chapter 19

47 8 4
                                    

ဖေချင်းယွမ် ချစ်စရာကောင်းတဲ့ မူကြိုဝတ်စုံ ဝတ်ထားတဲ့ ကောင်လေးကိုခေါ်လာခဲ့သည်။ကောင်လေးဆိုင်ထဲဝင်လိုက်တာနဲ့ ဟယ်ရှီဝန်ကို အရင်ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်သည်။ "ဦးဦး မဂ်လာပါ။"

ဟယ်ရှီဝမ်က ဖေချင်းယွမ်နဲ့ မုန့်ဖုတ်သမားတမနက်လုံး အလုပ်တွေများထားတာကြောင့် နေ့လည်စာကောင်းကောင်း စားရအောင်လို့ အနားယူနေသည် ဟူသည့် ဆိုင်းဘုတ်ချိတ်ထားလိုက်၏။

ဖေချင်းယွမ်ရဲ့ ညီလေးကိုတွေ့လိုက်ရချိန်တော့ သူ စိတ်အားတသန်နဲ့ ထိုင်ခုံကိုယူလာပေးလိုက်သည်။ "မဂ်လာပါ မဂ်လာပါ။ ဝင်ထိုင်လိုက်လေ။ သားက ဦးလေးတို့ရှင်းရှင်းနဲ့ အသက်အတူတူလောက်ဘဲဆိုတော့ သားတို့နှစ်ယောက်က အတူတူကစားလို့ရတာပေါ့။"

ကလေးမလေးရှင်းရှင်းက နောက်ဆုံးတော့ နေကြာပန်းလေးလို လုပ်နေတာကိုရပ်လိုက်ပြီး သူမရဲ့ သူငယ်ချင်းလေးကို ကြည့်လိုက်တယ်။ သူမရဲ့ခေါင်းကိုစောင်းလိုက်ပြီး ခနလောက်စဉ်းစားပြီးကာမှ ရုတ်တရက် တောက်တောက်ပပပြုံးပြလိုက်၏။ "မောင်လေး ဟယ်လို။ မောင်လေးက ချစ်ဖို့ကောင်းလိုက်တာ။ ငါက ရှင်းရှင်းကျဲပါ။"

အကြောင်းပြချက်တချို့ကြောင့် မုန့်တွေကိုစိုက်ကြည့်နေတဲ့ ကောင်လေးအေးခဲသွားတယ်။ သူ့ဘေးမှထိုင်နေတဲ့ ဖေချင်းယွမ်ရဲ့ မျက်လုံးထဲမှာတော့ ပြုံးရိပ်သန်းသွား၏။

Ai တွေမှာ အသက်ရှိပါ့မလားတော့ သူမသိပေမဲ့ စစ်စတန်လေးကပြနေတဲ့ ဉာဏ်ရေးဉာဏ်သွေးအရတော့ ဖေချင်းယွမ်နဲ့ တူတူနီးပါးရှိလောက်မယ်လို့တော့ ခံစားမိတယ်။ အနည်းဆုံးတော့ ကလေးတစ်ယောက်နဲ့တော့ မတူပေ။

မူလတန်းကျောင်းသားလေးကို 'ကော'လို့ခေါ်ပြီးတဲ့နောက်မှာတော့ မူကြိုကလေးတစ်ယောက်ရဲ့မောင်လး တကယ်ဖြစ်လာလိမ့်မယ်လို့တော့ သူမထင်ထားခဲ့မိ‌ပေ။

သူကို မိုးကြိုးပြစ်ချခံလိုက်ရလို ဂျီတုန် ခံစားလိုက်ရ၏။

သူ့လက်သီးကိုတင်းတင်းဆုပ်လိုက်ပြီး နကျင်နေတဲ့အမူအယာနဲ့မေးလိုက်တယ်။ "ရှင်းရှင်းက ဘယ်နှနှစ်လဲ?"

You've reached the end of published parts.

⏰ Last updated: May 01 ⏰

Add this story to your Library to get notified about new parts!

စစ်စတန်အလှလေးကိုလာမတက်မက်ပါနဲ့!!!Where stories live. Discover now