chapter 4

104 17 0
                                    


ဂျီတုန် ဒီတာဝန်ပေါ်လာတဲ့အချိန်သူ့ရဲ့နောက်က အညှိုးကို ခံစားလို့ရသည်။

စောလည်းမစော နောက်လည်းမကျဘဲ ဒီအချိန်မှ အချိန်ကိုက်ပေါ်လာတယ်လေ။

ထပ်ပြောရရင် HOST ရဲ့ လက်ရှိမိသားစုက ဘယ်လိုလုပ် သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုပုံပေါ်မှာလဲ။

SYSTEM ရဲ့ မျက်နှာပြင်ပေါ်တက်နင်းနေရတာတောင်ပင်ပန်းလာသလိုဘဲ။ဂျီတုန် ခနလောက်နေတော့ ဖြစ်နိုင်ချေတွေ စဉ်းစားကြည့်သည်။ တာဝန်ထုတ်တဲ့နေရာမှာများ တစ်ခုခုမှားယွင်းနေတာများလား?

ချွတ်ယွင်းတာမရှိတဲ့ ဒေတာတွေက ပရိုဂရမ်ကောင်းမဟုတ်ဘူးလို့ပြောကြသေးတာဘဲ မဟုတ်လား။

ပြီးတော့လည်း ဒါက host ပြီးအောင်လုပ်ရမယ့် အဓိကတာဝန်ဘဲလေ။ system တစ်ခုအနေနဲ့ တာဝန်အကြောင်းအရာကို ဝင်ရောက်စွက်ဖက်လို့မှမရနိုင်တာ။ သူ့တာဝန်က သူလုပ်နိုင်စွမ်းရှိသလောက် host ကို အကူအညီနဲ့ အကြံဉာဏ်ပေးဖို့ပဲလေ။ အခုတော့ သူ ဖေချင်းယွမ်ကို လော့ရှိုးယွင်နဲ့ နွေးထွေးတဲ့မိသားစု တည်ဆောက်ဖို့ တကယ်ကို ပြောမထွက်တော့ဘူး။

ခုလေးတင်မှ သူရဲ့ စိတ်ဓာတ်ကျနေတဲ့ host ကို နှစ်သိမ့်ပြီးတာလေ။

ဒီပရိုဂရမ်က တစ်ခုခုမှားနေတာဘဲဖြစ်ရမယ်။

စက်ရုပ်ကလေးက ယုံကြည်ချက်အပြည့်နဲ့ ခေါင်းငြိမ့်လိုက်သည်။

ဖေချင်းယွမ်ကခုလေးတင်ဘာဖြစ်နေမှန်းမသိဘဲ သူအဓိကတာဝန်ကြေငြာတာကို စောင့်နေတုန်းဘဲ။ ဂျီတုန် လည်ချောင်းရှင်းလိုက်ပြီးတော့ တည်ကြည်စွာ ကြေငြာလိုက်သည်။

"host တာဝန်စင်တာက ဗိုင်းရပ်စ် ရှိနေလို့ အဓိကတာဝန်ကို မှားထုတ်လိုက်မိတယ်ထင်တယ်။ ကျွန်တော် အဓိကဦးနှောက်ကို ဆက်သွယ်ပြီးတော့ အတည်ပြုဖို့လိုမယ်ထင်..."

သူ့စကားမဆုံးခင်မှာဘဲ မြေပေါ်မှာသေနေတဲ့ တာဝန်ဘောင်ကွက်က ပြတ်တောင်းပြတ်တောင်းနဲ့ စက်သံတွေ ထွက်လာပြီး ဖြတ်ပြောလာသည်။

"စင်တာက ဗိုင်းရပ်စ်အကူးခံရတာ မဟုတ်ပါဘူး။ လုံခြုံမှုစစ်ဆေးချက်ရလဒ်က ၁၀၀% အဆင်ပြေပါတယ်။ ပထမဆုံးလုပ်ဆောင်ရမယ့် အဓိကတာဝန်ကတော့ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစု တစ်ခု တည်ထောင်ဖို့ဘဲ ဖြစ်ပါတယ်။ အချိန်သတ်မှတ်ချက်ကတော့..."

စစ်စတန်အလှလေးကိုလာမတက်မက်ပါနဲ့!!!Where stories live. Discover now