Chapter - 8

42 8 3
                                    

>> Unicode <<
~~~~~~~~~~~~

ဘုရင်မင်းမြတ်နေရာချပေးထားသော ဧည့်နေဆောင်အခန်းထဲတွင် အာလာဒင်တစ်ယောက် ဂနာမငြိမ်စွာ အခန်းထဲခေါက်တုန့်ခေါက်ပြန်ပတ်လျှောက်နေတော့သည်။ စိုးရိမ်ပူပန်မှုအပြည့်ဖြင့် မျက်ခုံးတွေကိုတွန့်ချိုးထားသည့်အနှီလူသားကောင်လေးကို ဂျင်းနီကတော့ ခပ်မွှေးမွှေးကြက်ပေါင်တစ်ချောင်းကိုကိုက်ရင်း ပြပွဲတစ်ခုကြည့်နေသလို ထိုင်ကြည့်နေ၏။

" မင်းလာမစားတော့ဘူးလား၊ ဒီကအစားအသောက်တွေက အရမ်းကောင်းတာပဲ "

" ငါဘယ်လိုစားနိုင်မှာလဲ ဂျင်းနီ ၊ ဓားရေးပြိုင်ပွဲကို ဘယ်လိုလုပ်ရမှာလဲ၊ ငါတလွဲတွေလုပ်မိမှာပေါ့ "

"​ အံ့သြစရာတော့မရှိပါဘူး၊ နန်းတော်ထဲစဝင်တည်းက မင်းတလွဲမလုပ်တဲ့အချိန်ရှိသေးလို့လား "

" ဂျင်းနီ ၊ ငါအကောင်းပြောနေတာ..  ဘယ်လိုပဲ မင်းသားအာလီဆိုဦးတော့ ငါက တကယ်ဆို.. သူခိုးတစ်ယောက်ပဲမလား "

" အင်း ဂျင်းနီရဲ့အစွမ်းတွေကအပေါ်ယံသက်သက်ပဲလေ၊ တကယ့်အစစ်အမှန်ဖြစ်တည်မှုကတော့ ပျောက်ကွယ်မသွားနိုင်ဘူး "

" ဒါဆို ငါက အဲ့ဒီမင်းသားကိုဘယ်လိုယှဥ်နိုင်မှာလဲ၊ ငါလုပ်နိုင်တာ ခိုးတာဝှက်တာပဲရှိပေမဲ့ သူကတော့ တကယ့်တိုက်ရေးခိုက်ရေးကျွမ်းကျင်တဲ့ မင်းသားစစ်စစ်တစ်ယောက်လေ၊ ငါ ဂျက်ဇ်အရှေ့မှာ အရှုံးကြီးရှုံးလိမ့်မယ် "

သက်ပြင်းမောကိုချကာ လသာဆောင်တွင်ထိုင်ရင်း စိတ်ပျက်လက်ပျက်ဖြစ်နေသောအာလာဒင်ကိုကြည့်ကာ ဂျင်းနီတစ်ယောက် ဘေးသို့လှစ်ခနဲရောက်လာသည်။

" အဲ့လောက်လည်းစိတ်ဓာတ်ကျမနေပါနဲ့၊ မင်းမှာ အခွင့်အရေးတွေရှိနေတာပဲ၊ အရှင့်သားနဲ့နီးစပ်အောင်လုပ်ရမယ်၊ သူမင်းကိုသဘောကျလက်ခံတယ်ဆို ဒီပြိုင်ပွဲကြီးက ပျက်ရင်လည်းပျက်သွားနိုင်တာပဲ၊ မပျက်တော့လည်း အရေးမကြီးပါဘူး၊ မင်းမှာ ဆုတောင်းနှစ်ခုကျန်သေးတယ်လေ၊ မင်းဘေးမှာရှိနေတဲ့သူက နှစ်တစ်သောင်းလောက်လိုက်ရှာရင်တောင် ထပ်မတွေ့နိုင်တဲ့ နှစ်ယောက်မရှိတဲ့အစွမ်းနဲ့ မိတ်ဆွေကောင်းနော် !! "

You've reached the end of published parts.

⏰ Last updated: May 12 ⏰

Add this story to your Library to get notified about new parts!

Aladdin Where stories live. Discover now