Part - 8

176 25 1
                                    

Jihoon hyung ၏သူငယ်ချင်းအကူအညီကြောင့်ပင် Seoulတွင်အိမ်ငှားဖို့ရန်နှင့်အစစအရာရာလည်းအဆင်ပြေခဲ့လေသည်

" ဂျောင်ဟာနီး မောနေပြီမလား လာကိုကိုပဲသယ်မယ် "
ဂျီဆူးသည်ဂျောင်ဟန်၏လက်ထဲမှအထုပ်တွေအားဆွဲယူနေသည်မို့

"  ရတယ် ဂျီဆူးရား မင်းလည်းပင်ပန်းနေပြီကို "

အခန်းလေးသည် ကျယ်သည်မဟုတ်သော်လည်း ဂျောင်ဟန်တို့နှစ်ယောက်နေဖို့ရန်အတွက်တော့အဆင်ပြေပါ၏

" ဂျောင်ဟာနီး ကိုကိုတို့စားဖို့တစ်ခုခုသွားဝယ်ကြမလား ဒီနေ့တော့ကိုကိုချက်ကျွေးမယ် "

" အွန်း သွားကြမယ်လေ "

........................................….............

" ဂျောင်ဟာနီးကဒါလေးလည်းကြိုက်တယ် "
ဂျီဆူးသည်ပြောလည်းပြောရင်းဂျောင်ဟန်ကြိုက်တတ်သောခေါက်ဆွဲဘူးများမုန့်များအားရွေးထည့်နေလေသည်

" များကြီးဖြစ်နေပြီ တော်ပြီ "
ဂျောင်ဟန်သည်ခြင်းထဲမှမုန့်ထုပ်များအားစင်ပေါ်ပြန်တင်နေသည်ကိုဂျီဆူးကပြန်ထည့်လေ၏

" များများစားမှ ကိုကို့ဂျောင်ဟာနီး‌လေးပါးဖောင်းဖောင်းလေးဖြစ်လာမှာပေါ့ "
ဂျီဆူးသည်ဂျောင်ဟန်၏ပါးလေးအားညှစ်ဆွဲလိုက်ပါ၏
ထို့နောက်ဂျီဆူးသည် အရောင်သာကွဲသောဆင်တူသွားပွတ်တံလေးတွေကိုလည်းရွေးနေပါသေး၏

ဂျောင်ဟန်တို့ဘေးမှဈေးဝယ်နေသောဇနီးမောင်နှံဆီသို့အကြည့်ရောက်သွားချိန်တွင်တော့ ဂျောင်ဟန်သည်လည်းခပ်ဖွဖွလေးပြုံးနေမိပါ၏
သူနှင့်ဂျီဆူးသည်လည်း ထိုကဲ့သို့ဖြစ်နေပါသည်မဟုတ်လား မသိလျှင်ကြင်စဦးဇနီးမောင်နှံတွေကဲ့သို့ပင်

............................................................

ဒီကြားထဲတော့ဂျီဆူးကသူပဲအလုပ်လုပ်ကာဂျောင်ဟန်ကိုတော့အိမ်မှာပဲနေစေသည်
နေရာအသစ်မို့စိတ်မချလို့ပါတဲ့
ထို့ကြောင့်ဂျောင်ဟန်သည် အိမ်၌ဂီတာတီးခြင်း ဂျီဆူးကြိုက်တတ်သောဟင်းများကိုချက်ကာ ဂျီဆူးပြန်လာသည်ကိုစောင့်ခြင်းဖြင့်သာအချိန်ကုန်တတ်၏

သို့သော်လည်းမနက်စာကိုတော့ဂျီဆူးကသာဂျောင်ဟန်အတွက်ပြင်ဆင်ပေးပါ၏

Evangeline [ Completed ]Where stories live. Discover now