ငါ့မြတ်နိုးရာပေါက်စကတော့ အအေးတခွက်ကိုကိုင်ကာ လုံးလုံးလေးနဲ့တကယ်အသဲယားဖွယ်အတိ!
ငါ့ကောင်လေးက တကယ်ချစ်စရာလေး!!
ရုပ်ရှင်ကြည့်ဖို့ ခုံပေါ်လဲထိုင်ကော ဘေးနားက ပေါက်စလေးကမကြည့်ချင်ဘူး ကြောက်လို့တဲ့လေ..
ကိုကိုအဆင်မပြေတာကိုသိပေမဲ့ ကြောက်ရင် လာဖက်လိုက် ဆိိုပြီးပြောကာ ဇာတ်ကားအလာကိုမျှော်ရင်း အဖက်ခံရဖို့ကိုစောင့်နေလိုက်သည်။
ရုပ်ရှင်လဲစကော ငါ့ဝက်ဝံပေါက်လေးဟာ ချက်ချင်းပင် ငါ့ရင်ခွင်ထဲကိုတိုးဝင်လာသည်။ငါ တစ်ချိန်လုံး ရုပ်ရှင်ကိုအာရုံမစိုက်နိုင် ငါ့ရင်ခွင်ထဲက ဝက်ဝံပေါက်လေးကိုဘဲအာရုံစိုက်မိသည်။
"ကိုကို"
"ဟင်.."
ကိုကို့ရဲ့နှုတ်ခမ်းတွေကိုနမ်းရှိုက်လိုက်တော့ အလိုက်သင့်ပြန်တုန့်ပြန်တဲ့ နှုတ်ခမ်းပါးတစ်စုံ...
အတော်ကြာထိရေငတ်နေသယောင် စုပ်ယူနှုမ်းရှိုက်မိတော့ အသက်ရှူကြပ်၍ တွန်းဖယ်လာတဲ့ လက်တစ်စုံ...
ငါနှုတ်ခမ်းပါးတွေကိုအလွတ်ပေးလိုက်သည်။ဖူးယောင်ပြီး ရဲနေသော နှုတ်ခမ်းပါးတွေဟာ တကယ်ကိုဆွဲဆောင်နေတုန်းပါဘဲ..ထပ်မံနမ်းရှိုက်ရန် ဖိကပ်လိုက်တော့ ထိုနှုတ်ခမ်းပါး ပိုင်ရှင်ဟာ တွန်းဖယ်ပြီး ပြောသည်။
"မောင် ငါရှက်တယ် တော်ပြီ"
ချစ်ရသူရဲ့ တော်ပြီ ဆိုတဲ့စကားကို အမိန့်လို့သတ်မှတ်ကာ ငါ့စိတ်တွေကိုထိန်းချုပ်ကာရပ်တန့်လိုက်သည်။
ရုပ်ရှင်ပြီးတော့ ရင်ခွင်ထဲကပေါက်စလေးက ခြေထောက်တွေတုန်နေသည်။
"ကိုကို ကြောက်နေလား"
"ဟင့်အင်း မ..မကြောက်ပါဘူး မင်းကော"
"မောင်လဲမကြောက်ပါဘူး"
အမှန်က ရုပ်ရှင်ပြနေတဲ့တစ်လျှောက် သူရုပ်ရှင်ကိုမကြည့်ဘဲ ရင်ခွင်ထဲကမြတ်နိုးရာပိုင်တဲ့နှုတ်ခမ်းပါးလေးကိုသာ ကြည့်နေမိခဲ့တာပါ။
Winny တစ်ယောက်ကြောက်လန့်နေသေးသည်ကိုသတိထားမိသည့် Satang တစ်ယောက် သူ့မြတ်နိုးရာလေးအာရုံလွှဲစေဖို့ရာ လက်ကိုကိုင်ဆွဲလျက် စားသောက်ဆိုင်တစ်ခုထဲသို့ဝင်လာလိုက်သည်...