8

214 23 4
                                    

"ဟဲ့ နင်ကြားပြီးပြီလား"

"ဘာကိုလဲဟဲ့"

"ဂီတကလပ်က Gemini နဲ့ Satang ဆိုတာလေ"

"အေး သူတို့နှစ်ယောက်ကမတည့်ဘူးဆိုတာလား"

"ဘယ်ကသာ သူတို့က တွဲနေကြတာဟ"

"ဘာရယ် ဘယ်လို နင်ဘယ်ကသိတာလဲ"

"အခုတလောသူတို့တပူးပူးတတွဲတွဲနဲ့ဘဲဟာကို နင်သတိမထားမိဘူးလား"

"အေးဟ ဟုတ်သားဘဲ"

ဘာရယ်!! ဒါကသတင်းအကြီးကြီးဘဲဟ

Fourth တစ်ယောက်ကောင်မလေးတွေပြောတာကြားပြီး winny ဆီကိုတချိုးထဲပြေးသွားလိုက်သည်။

Winny နှင့်အတူ Satangနဲ့ Gemini ကပါအတူထိုင်နေတော့ သူတို့တွဲနေတာ သေချာနေပါပြီ။

"မင်းတို့နှစ်ယောက်တွဲနေတာဆို"

Fourth ရဲ့စကားကြောင့် Gemini တစ်ယောက်ရေတွေတောင်သီးသွားသည်။

"ဘယ်လို အဲ့ကောင်နဲ့လား"

"မင်းဘယ်ကကြားလာတာလဲ"

"ကျောင်းကလူတွေပြောနေတာလေ ငါ့ကိုမလိမ်နဲ့ မင်းတို့ကိုအခုတစ်လော ငါ မသင်္ကာဘူးနော်"

"မင်းကအဲ့လိုပြောတိုင်း ယုံတယ်လား"

"မဟုတ်ဘူးကွာ ငါပြောပြမယ် ဇာတ်ကားတွေထဲမှာဆို အဲ့လိုမတည့်တဲ့လူတွေကဘဲ တွဲသွားကြတာလေ သူတို့တွဲတာလူမသိအောင် ဖုံးကွယ်ထားတာမျိုး"

Gemini နဲ့ Satang မှာတစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး fourth ကိုနားမလည်နိုင်စွာကြည့်နေကြသည်။

"ပေါက်ကရတွေကွာ သူတို့ကဘာကိစ္စတွဲရမှာလဲ"

Winny ကမနေနိုင်စွာဝင်ပြောလိုက်သည်။

"နော် ကိုကိုရာ မင်းဘဲပြောလိုက်"

"ဟမ် မဟုတ်ဘူးလား"

"ပေါက်ကရတွေ တွဲစရာလား အဲ့ကောင်နဲ့"

မဟုတ်ကြောင်းပြောတော့ ခေါင်းလေးကုတ်ကာ ဖြီးလာတဲ့မျက်နှာလေးကို Gemini တစ်ယောက် ရီကာကြည့်နေမိသည်။

"မင်းကရီဘဲရီနေတော့မှာလား ထ လေ့ကျင့်ရအုန်းမယ်"

"အင်း သွားကြမယ် ဒါနဲ့ phi ကျတော်ဒီနေ့လဲ phi အိမ်ကိုလိုက်ခဲ့မယ်နော်"

Be my guitarist Where stories live. Discover now