" ဟုတ်ကဲ့ သခင်မကြီး "
အစောင့်တို့သည်လည်းထွက်သွားချေပြီမို့

" သားလေး အစစအရာရာဂရုစိုက်နော် တစ်ခုခုဆိုမေမေ့ကိုဖုန်းဆက် "

" ဟုတ်ကဲ့ ကျွန်တော်ဖုန်းဆက်မယ်နော် မေမေ "
ငယ်စဉ်တည်းကအမေကိုသိပ်ခင်တွယ်တတ်သည်မို့ဂျီဆူးသည်လည်းစိတ်တော့မကောင်းလှပါ

" မေမေ့သားလေး အဆင်ပြေပါစေကွယ် "
ဂျီဆူးသည် luggage ကိုဆွဲကာထွက်ရန်ပြင်လိုက်စဉ်

" ဒီခြံကထွက်သွားတာနဲ့ ဘယ်တော့မှပြန်တက်မလာနဲ့ ငါ့သားမဟုတ်တော့ဘူး "
သခင်ကြီးဟုန်း၏အသံကိုကြားလိုက်ရပါ၏

" အစ်ကို သားလေးကိုပေးသွားလိုက်ပါ ကျွန်မတို့သားလေးကဆုံးဖြတ်တတ်တဲ့အရွယ်ရောက်နေပါပြီ "
သခင်ကြီးဟုန်းသည်သူပြောချင်သည့်အရာကိုသာဆက်ပြောလေသည်

"အခုချိန် မင်းဆုံးဖြတ်ချက်ကိုပြင်လို့ရသေးတယ် ဟုန်းဂျီဆူး "

" ကျန်းမာရေးဂရုစိုက်ပါ Daddyနဲ့ မေမေ "
ဂျီဆူးသည်ထိုစကားကိုပြောကာနောက်သို့ပြန်လှည့်မကြည့်ဘဲထွက်လာခဲ့လေသည်
Daddy၏ တောက်ခေါက်သံပြင်းပြင်းကိုတော့ဂျီဆူးကြားလိုက်ရပါ၏

............................................................

" ဂျောင်ဟန် အဆင်ပြေရဲ့လား ဒီရက်ပိုင်းမင်းကောင်လေးကိုလည်းမတွေ့မိပါလား စိတ်ကောက်ထားကြတာလား "
Jihoon hyung ကတော့ပေါ့ပေါ့ပါးပါးပဲပြောပေမယ့်စိတ်မအေးနိုင်သူကတော့ဂျောင်ဟန်ပါ ဂျီဆူးသည်ထိုကဲ့သို့ဘာမှမပြောဘဲပျောက်သွားမယ့်သူမဟုတ်ဘူးဆိုတာဂျောင်ဟန်သိပါသည်
စိတ်ပူသော်လည်းဂျောင်ဟန်ဘာလုပ်ရမလဲမသိပါချေ တကယ်တမ်းဂျီဆူးသာသူ့ကိုမဆက်သွယ်ဘဲထားခဲ့လျှင်လည်းကျန်ခဲ့ရမည့်သူပင်ဖြစ်သည် အတွေးဖြင့်ဝမ်းနည်းလျက်မျက်ရည်စတို့သည်လည်းဝေ့သီလာရင်း
ဒီနေ့လည်းရောက်မလာသောဂျီဆူးကြောင့် ဂျောင်ဟန်အိမ်သို့သာပြန်ခဲ့ပါ၏

နှင်းစတို့သည်လည်းတစ်စတစ်စသည်းထန်လျက်ရှိသည်မို့ဂျောင်ဟန်သည်များများစားစားမတွေးတော့ဘဲအိပ်ရန်သာဆုံးဖြတ်လိုက်လေသည် အစားစားချင်စိတ်လည်းမရှိပါလေ

Evangeline [ Completed ]Where stories live. Discover now