အခန်း ၂၉၁ + ၂၉၂(မင်း သန္ဓေပြောင်းလူသား ဖြစ်လာလိမ့်မယ် )

Start from the beginning
                                    

"ကျုပ် သေနတ် ဒဏ်ရာ ရထားတာကို မှတ်မိတယ်... ကျုပ်ကို နားလည်လွယ်အောင် ရှင်းပြပေးလို့ ရလား... "

ဂျက်ကော့ က ရှင်းပြသည်။

"ပြောရမယ် ဆိုရင်... မင်းက သေပြီးသား လူတစ်ယောက်ပဲ... "

"သေတယ်... ဟုတ်လား.. "

ရှုချန်းက မျက်မှောင်ကြုံ့လျက် မေးသည်။

ဂျက်ကော့ က ခေါင်းညိတ်လိုက်၏။

"ဆေးရုံကို သွားတဲ့လမ်းမှာ မင်းက သွေးထွက်လွန်လို့ သေနှင့်ပြီးသား... မင်းကို ကုတဲ့ ဆရာဝန်သာ သေချာ မစမ်းသပ်ခဲ့ရင် မင်းကို သေလူဆိုပြီး ရင်ခွဲရုံ ပို့ကြတော့မှာ ... ဒါပေမဲ့ ရေပိုးကောင်ဗီဇ က မင်းကို ကယ်လိုက်တာ.. ရေပိုးကောင် က မင်းကို နှစ်ငါးဆယ်လောက် မပုပ်မသိုးအောင် ခဲထားပြီး နောက်မှ ပြန်အသက်သွင်းပေးနိုင်တဲ့ သက်ရှိ တစ်ကောင်ပဲ... ဘယ်လောက် ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင် ဖြစ်နေပါစေ ကိစ္စ မရှိဘူး.. သေချင်ယောင်ဆောင်ပြီး Crytobiosis ဆိုတဲ့ တစ်ဝက်တစ်ပျက် ကျောက်ဖြစ်ရုပ်ကြွင်း အဆင့်အဖြစ် ကောင်းကောင်းကြီး ပြောင်းလဲနိုင်တယ်.. အဲ့အဆင့်ကို ရောက်သွားပြီ ဆိုတာနဲ့ မင်း ချီတွင်းထဲပဲ ရောက်နေနေ... မင်း နှလုံးက ဆက်ခုန်ပြီး အသက်ရှင်နေနိုင်လိမ့်မယ်... မင်း ဦးနှောက်က ကိုမာ ဝင်သွားမယ်... ရေပိုးကောင် မျိုးရိုး ဗီဇ ထွက်လာပြီး မင်းကို ခန္ဓာကိုယ်က တခြား လုပ်ငန်းဆောင်တာတွေကို အိပ်ပျော်နေသလို ထင်အောင် လုပ်လိမ့်မယ်... ECG စက်တွေတောင်မှ မင်း အသက်ရှင်နေတယ် ဆိုတာ တိုင်းတာဖို့ ခက်လိမ့်မယ်... အခု နားလည်ပြီလား... "

ရှုချန်းက အနည်းငယ် ခေါင်းရှုပ်နေသော်လည်း ခေါင်းညိတ်လိုက်၏။ ထို့နောက် သူ့ဒဏ်ရာများကို လက်ညှိုးထိုးကာ မေးပြန်သည်။

"ဒါဆို ကျုပ်ရဲ့ ဒဏ်ရာတွေကရော ဘာဖြစ်တာလဲ.... "

"ဒါက ရှင်းပြရတာ လွယ်ပါတယ်... ပထမဆုံး ရေပိုးကောင် တွေက ဆဲလ်တွေကို ရေခြောက်ပြီး အေးခဲအောင် လုပ်ထားလိုက်တယ်.. အဲ့တာကြောင့် ရေနဲ့ ထိတွေ့တဲ့ အခါမှာ ဆဲလ်တွေ ပြန်အသက်ဝင်လာရုံပဲ... သူတို့ရဲ့ ဆဲလ်တွေက နဂိုတည်းက စုပ်ယူထားတဲ့ ပုံစံအတိုင်း ပြန်ဖြစ်သွားတယ်... ဒါပေါ့ ပတ်ဝန်းကျင်နဲ့ လိုက်ပြီးလည်း DNA ကို ပြန်ပြင်ထားသေးတယ်... နောက်ဆုံး အနေနဲ့ သူတို့က DNA ကို ပြန်ပြင်တဲ့ နေရာ၊ ရေဓာတ် ခမ်းခြောက်မှုကြောင့် ဖြစ်တဲ့ ဒဏ်ရာတွေကို ကုစားတဲ့ နေရာမှာ အရမ်းတော်ကြတယ်... "

နတ်နဂါးစစ်သည်Where stories live. Discover now