အခန်း ၂၈၆ + ၂၈၇ + ၂၈၈(နောက်ဆုံး )

Start from the beginning
                                    

ထို့နောက် ကိုယ်ရံတော်နှစ်ဦးကို အားပါပါ ကန်လိုက်ပြီး အခြားကိုယ်ရံတော်တစ်ဦး၏ နှလုံးသားတည့်တည့်ကို လက်သီးဖြင့် ပြင်းပြင်းထိုး၍ အခြားအစောင့်များဆီသို့ လွှင့်ပစ်လိုက်၏။ ထို့နောက် လဲကျသွားသော ကိုယ်ရံတော်များထံမှ သေနတ်ကို ကောက်ယူလိုက်ပြီး ကျန်ရှိနေသော ကိုယ်ရံတော်များကို ပစ်သတ်လိုက်၏။

နန်းတော်ခြံဝင်းတစ်ခုလုံး လှုပ်လှုပ်ရွရွ ဖြစ်သွား၏။ သို့သော် ရှုချန်းက တည်တည်ငြိမ်ငြိမ် ရပ်နေဆဲပင်။ နောက်ဆုံးတွင်တော့ လင်ချူရွယ်လည်း အသံကုန်ဟစ်၍ " ရှုချန်း " ဟု အော်ခေါ်လိုက်၏။

ထို့နောက် လှေကားပေါ်မှ အမြန်ပြေးဆင်းခဲ့ပေသည်။ ပွဲတက်ဝတ်စုံနှင့် ဒေါက်မြင့်ဖိနပ် စီးထားသည်ကိုပင် မေ့လျော့သွားကာ အလောတကြီး ဆင်းလိုက်သည့်အတွက် လှေကားမှ ချော်ကျ၍ အောက်သို့ ပြုတ်ကျသွားတော့သည်။

"ချူရွယ်..."

အားလုံး စိုးရိမ်သွားကြသည်။

သို့သော် နာကျင်မှုကို လင်ချူရွယ် မခံစားအား၊ လူးလဲထ၍ ရှုချန်းဆီသို့ ပြေးသွား၏။ ထိုအချိန်တွင် ရှူချန်းမှာ လဲကျလုနီးနီး ခပ်ယဲ့ယဲ့ဖြစ်နေသည်ကို မြင်သောအခါ သူမ လွန်စွာ စိတ်ပူသွား၏။

"ရှုချန်း..."

လင်ချူရွယ်တစ်ယောက် ငိုကြီးချက်မဖြင့် ရှုချန်းရှိရာသို့ အရူးအမူး ပြေးသွားခဲ့၏။

ရှုချန်း ခန္ဓာကိုယ်အနှံ့ ကျည်ထိမှန်ထားပြီး သွေးထွက်လွန်နေသည့်အတွက် အသက်အန္တရာယ်ကိုပင် စိုးရိမ်ရ၏။ ရှုချန်း သွေးထွက်လွန်ပြီး မြေပြင်ပေါ်လဲကျလုဆဲဆဲတွင် ကိုယ်သင်းရနံ့ မွှေးပျံ့နေသည့် ခန္ဓာကိုယ်တစ်ခုပေါ်သို့ လဲကျသွားသည့်အတွက် မြေပြင်နှင့်တော့ မဆောင့်မိတော့ပေ။

ရှုချန်း ဦးခေါင်းမှာ လက်ချုရွယ်၏ ရင်ခွင်အလယ်တည့်တည့်သို့ ကျသွား၏။ မျက်ရည်လည်ရွဲ ဖြစ်နေသော လင်ချူရွယ်ကို မေ့ာကြည့်ရင်း သွေးဆုပ်၍ ဖြူလျော်လျော်ဖြစ်နေသော နှုတ်ခမ်းကို လှုပ်ရုံမျှဖြင့် ရှုချန်း ပြောလိုက်၏။

နတ်နဂါးစစ်သည်Where stories live. Discover now