သူတို့က သခင်မကြီးလျူရဲ့ စကားမှန်တယ်ဆိုတာကို သက်သေပြသွားခဲ့ကြတယ်။

ကျိရှုရန်က မျက်မှောင်ကြုတ်ပြီးတော့ ကျန်းလီကို ကြည့်လိုက်တယ်။ အစကနေ အဆုံးထိ ဆံထိုးပေါ်က အက်ကွဲကြောင်းတွေကို ဘယ်သူက ဝေဖန်သည်ဖြစ်စေ၊ ထူးထူးခြားခြား ကြည့်နေသည်ပဲဖြစ်စေ၊ ကျန်းလီကတော့ အားလုံးကို စိုးရိမ်ကြောင့်ကြ မနေခဲ့ဘူး။

ကျန်းလီက ပဟေဠိဆန်ပြီး သံသယဖြစ်စရာကောင်းကာ၊ နောင်တရပုံ ဖြစ်နေခဲ့တယ်။၊ ဒါပေမဲ့ အကြောင်းပြချက်တွေကို ကျော်လွန်ပြီးတော့ သူမက စိတ်မဆိုးနေခဲ့၊ ကူကယ်ရာမဲ့ ဖြစ်နေပြီးတော့ စိတ်ပျက်အားငယ်ခြင်းလဲ မရှိခဲ့ဘူး။

အခုအချိန်မှာတောင် ကျန်းလီရဲ့ ပါးစပ်ထောင့်က အရင်အတိုင်းပဲ နွေးထွေးညင်သာတဲ့ အပြုံးကို ဆက်ပြုံးနေနိုင်ခဲ့တယ်။

ဒီအခြေအနေမှာတောင် သူမက ပြုံးနိုင်နေဆဲဆိုတော့၊ ရယ်စရာမကောင်းဘူးလား။

ကျိရှုရန်က တွေးနေရင်းနဲ့ တစ်ခုခုက မှားယွင်းနေပြီလို့ ပိုပိုပြီးတော့ ခံစားလာခဲ့ရတယ်။ သူမက မြေပြင်ပေါ်က ရှန်းချောင်ကို ကြည့်ဖို့ ခေါင်းငုံ့နေတဲ့ ကျန်းလီရဲ့ အကြည့်တွေကို ကြည့်မိလိုက်တယ်။ ပြီးတော့ မြေပြင်ပေါ်မှာ တစ်ချိန်လုံး ဒူးထောက်နေခဲ့ရတဲ့ ရှန်းချောင်ကို စစ်ဆေးနေတဲ့ ကျန်းလီရဲ့ အကြည့်နောက်ကို လိုက်ကြည့်လိုက်တယ်။

ရှန်းချောင်က တုန်လှုပ်နေခဲ့တယ်။

ကျန်းလီက ဆောင့်ကြောင့်ထိုင်လိုက်ပြီးတော့ ရှန်းချောင်ကို ထဖို့ ကူညီဖို့ရာ သူမရဲ့လက်ကို ဆန့်ထုတ်ခဲ့လိုက်တယ်။ ရှန်းချောင်ကို ကြည့်နေတဲ့ သူမရဲ့ မျက်လုံးတွေက ဖော်ရွေပြီးတော့ နူးညံ့သိမ်မွေ့နေခဲ့တယ်။၊ သူမရဲ့ အသံကလည်း အရင်ကလိုမျိုး စိတ်ကောင်း၊ သဘောကောင်း ရှိနေဆဲ ဖြစ်ခဲ့တယ်။

သူမက ပြောလိုက်တယ်။

"ရှန်းချောင်၊ ငါ့ဆံထိုးကို နင် ယူသွားခဲ့တာလား"

ရှန်းချောင်က သူမရဲ့ အပြောကို ချက်ချင်း ပြန်ပြောလိုက်တယ်။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now