အသက်ကြီးကြီး သခင်မကြီးကျန်းက မေးလိုက်တယ်။

"လီမိန်းကလေး၊ တစ်ယောက်ယောက်က သမီးရဲ့ဆံထိုးကို ယူသွားတယ်လို့ပြောတာက ဘာ အဓိပ္ပါယ်လဲ "

ကျန်းလီက သူမကို လှည့်ကြည့်လိုက်ပြီးတော့ သူမကို အနည်းငယ်ပြုံးပြကာ ပြောလိုက်တယ်။

"သခင်မကြီး၊ စိုးရိမ်သောက မရောက်နေပါနဲ့။ အဲဒါကို ရှင်းလင်းသွားအောင်လုပ်ဖို့ ကျွန်မက ဒီကို ရောက်နေပြီ၊ အဆုံသတ်က ဘာဖြစ်နိုင်မလဲ"

သခင်မကြီးက ထိတ်လန့်သွားခဲ့တယ်။ ဧည့်သည်တွေရှေ့မှာ၊ ကျန်းလီက သူမကို အဘွားလို့ မခေါ်ဘဲ သခင်မကြီးလို့ ခေါ်တာကို ကြားလိုက်ရတယ်။ တစ်ခါ ကြားလိုက်တာနဲ့၊ အဲဒါက သူတို့ရဲ့ နီးစပ်မှု မဟုတ်ရင် ဝေးကွာမှုတွေကိုပါ ထင်ရှားစေခဲ့တယ်။ ကျန်းလီက အပြစ်တင်နေတာလား ဘာကြောင့်မို့ဆိုရင် ကျန်းလီက ပြဿနာ ကြုံနေတဲ့ အချိန်မှာ၊ သူမက ကျန်းလီဘက်မှာ ရပ်တည်ပေးခြင်း မရှိခဲ့ဘူး။

ကျန်းယို့ရောင်နဲ့ ကျိရှုရန်တို့ရဲ့ မျက်နှာတွေမှာ အံ့ဩတဲ့အရိပ်အယောင်တွေ ဖြတ်ပြေးသွားခဲ့တယ်။ ဒီကိစ္စက ဒီလိုမျိုး မဖြစ်သင့်ဘူး။ ကျိရှုရန်ရဲ့ နှလုံးသားက တုန်လှုပ်သွားခဲ့ပြီးတော့၊ ကျန်းလီက သူမရဲ့ အစီအစဉ်ကို ဖျက်လိုက်မှာကို မလိုချင်တာကြောင့်၊ သူမက မြန်မြန်ပြောလိုက်တယ်။

"လီအာ၊ ဒီဆံထိုးက ဘယ်လိုလုပ် အတု ဖြစ်နိုင်မှာလဲ၊ သမီး မှားနေတာပဲ ဖြစ်မှာပါ"

"မဖြစ်နိုင်ဘူး"

သခင်မကြီးလျူ က ပြောလိုက်တယ်။သူမက ပြတ်ပြတ်သားသားပြောလိုက်တယ်။

"'ကျီရှန်းလို့'က ထွက်တဲ့ ပစ္စည်းတွေက ဒီလို အရည်အသွေးမျိုးနဲ့ဆိုတာတော့ မဖြစ်နိုင်ဘူး။ လူတိုင်းက 'ကျီရှန်းလို့'ဆီ မကြာခဏ လာရောက်လည်ပတ်သူတွေပဲ။ အဲဒါကိုကြည့်ရင် သိလာလိမ့်မယ်"

သခင်မကြီးလျူက သူမရဲ့လက်ထဲက ဆံထိုးကို သူမရ့ ဘေးနားက သခင်မကြီးတွေဆီကို လွှဲပေးလိုက်တယ်။ သခင်မကြီး အချို့က ဆံထိုးကို ထိကြည့်ကြပြီးတော့ လူတိုင်းက ဟုတ်ကြောင်း ထောက်ခံခဲ့ကြတယ်။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now