Part 19

6.3K 561 122
                                    

(Uni)

လေနှင်ရာအရပ်ဆီ လွင့်မျောလို့သွားနေတဲ့ ပူဖောင်းလေးတွေကို ငေးကြည့်မိရင်းက ဒေါ်ကညောင်းမေ လက်နှစ်ဖက်နဲ့လှမ်းကာ ဆုပ်ထွေးဖို့ကြံလိုက်သည်။ ထိုအခါ လက်ဖျားလေးဖြင့် ထိရုံရှိသေး..၊ ဖောက်ခနဲ ပေါက်ထွက်သွားသော ပူဖောင်းလေးတွေကြောင့် ဆက်မထိဝံ့တော့ဘဲနဲ့ ငြိမ်သက်လျက်သာ ငေးမောနေမိပြန်သည်။

သို့သော် ခပ်ကြီးကြီးပူဖောင်းလေးကို လှမ်းမြင်တော့လည်း စိတ်မှာထိန်းမရပြန်ပေ။ ထို့ကြောင့် မထိရက်သော်လည်း ပူဖောင်းလေးသွားရာ လမ်းကြောင်းနောက်ကို တစ်လှမ်းချင်းခြေဖော့ကာ တိုးကပ်လှမ်းလို့ လိုက်သွားရှာတော့သည်။

" မယ်ကညောင်း! "

အခန်းပြင်ရောက်သည်နှင့် တစ်စုံတစ်ဦးမှလွဲ၍ အခေါ်ပြုခြင်းငှာ မရှိခဲ့ဖူးသော အမည်နာမတစ်ခုကြောင့် ဒေါ်ကညောင်းမေ ခြေလှမ်းများမှာ အိပ်ခန်းဝမှာတင်တုံ့ခနဲ ရပ်တန့်သွားလေသည်။

" အတောင်အလက်တွေ စုံလင်တာနဲ့ ဒီလူကြီးရဲ့‌ဝေးရာဆီကို ပျံသန်းချင်ပြီလား မယ်ကညောင်း "

မယ်ကညောင်း..။ ယင်းအခေါ်အဝေါ်သည် ဒေါ်ကညောင်းမေ စိတ်ဒဏ်ရာဖြစ်တည်ရခြင်းရဲ့ အစပျိုးရာလည်း ဖြစ်သည်။

သစ်သားပြားများ ကပ်ရိုက်ထားသည့် အိမ်ရှေ့တံခါးကြားတွင် လှမ်းမြင်နေရပါသော ဦးဥက္ကာရှိန်က အစိမ်းလိုက်ဝါးစားမတတ်ကို စူးစိုက်ကြည့်နေသည်မို့ ဒေါ်ကညောင်းမေ ဒူးနှစ်ဖက်မှာ‌ညွှတ်ကျပြီး နေရာမှာတင် ပျော့ခွေသွားရတော့သည်။

" သတိရနေရဲ့လား မယ်ကညောင်း "

" မခေါ်နဲ့.. "

" ကိုကြီးကတော့ ဒီ ၁၉နှစ်လုံးလုံးပုန်းနေခဲ့တဲ့ မယ်ကညောင်းကို တစ်ရက်မှ မမေ့နိုင်သေးဘူးကွာ "

" မခေါ်နဲ့! မခေါ်ပါနဲ့.. အဲ့နာမည်ကို မခေါ်ပါနဲ့လို့.. "

နားနှစ်ဖက်ကိုလက်ဖြင့်အုပ်လို့ အော်ဟစ်လာခဲ့တဲ့ ဒေါ်ကညောင်းမေကိုကြည့်ပြီး ဦးဥက္ကာရှိန်မျက်နှာ ချက်ချင်းတည်သွားလေသည်။

" မင်းစောက်ပေါက်ကို ပိတ်ထားစမ်း! အခုချက်ချင်း တံခါးလာဖွင့်! "

ငပြူးငလူးWhere stories live. Discover now