Part 18

6.6K 556 125
                                    

(Uni)

" ဖွီး! မင်းအဲ့လောက် ဇရှိချင်သပဆိုလည်း လာခဲ့စမ်းပါလေ.. လာစမ်း! "

ခနဲ့တဲ့တဲ့စိန်ခေါ်နေတဲ့ ဦးဥက္ကာရှိန်အနားကို လူးလွန့်မောင်တစ်ယောက် အသက်ရှူသံ ခပ်ပြင်းပြင်းနဲ့အတူ မျက်ဝန်းများနီရဲလျက်ဖြင့် အလျင်တိုးကပ်သွားတော့သည်။

" အား..! "

လျှပ်တစ်ပြက်အခိုက်အတန့်တွင် ဦးဥက္ကာရှိန်ရဲ့နာကျင်စွာ အော်ဟစ်သံကြီးကြောင့် အနီးအနားရှိ ဘေးဘီဝန်းကျင်ကပါ အာရုံစိုက်လာကြသည်အထိ။

" မင်း! ဒါဘာလုပ်တာလဲ.. ဟမ်! "

" ..... "

ဦးဥက္ကာရှိန်တင်မက လူးလွန့်မောင်ကိုယ်တိုင်လည်း လက်ထဲ အုတ်နီခဲကိုင်လျက်သားနဲ့ အံ့ဩစွာ ရပ်ကြည့်နေမိသည်။ အဘယ်ကြောင့်ဆိုသော် မျက်စိရှေ့က အကောင်ပေါက်လေးရဲ့ မထင်မှတ်တဲ့ တိုက်ခိုက်မှုကြောင့်လို့သာ ဆိုရပေလိမ့်မည်ထင်..။

အခြေအနေအရ ကနဦး ဆုံးဖြတ်ချက်အတိုင်းသာ ရှေ့ဆက်တိုးဖို့ပြင်နေတဲ့ လူးလွန့်မောင်ရယ်။ လက်ကောက်ဝတ်ကို မလွတ်တမ်း တင်းကျပ်စွာဆုပ်ကိုင်ထားတဲ့ ဦးဥက္ကာရှိန်ရယ်။

ထိုအခါ ခညောင်းဦးအနေနဲ့လည်း ဘေးကျပ်နံကျပ်အနေအထားတွင် အလျင်လိုစွာ ဆုံးဖြတ်လိုက်ရသည်‌ကြောင့် ခမျာ လုပ်မိပြီးကာမှပဲ ကြောက်လန့်နေရှာသည်လေ။

ထို့ကြောင့် ဦးဥက္ကာရှိန်လက်က လွတ်တာနဲ့ လူးလွန့်မောင်အနားကိုသာ ခညောင်းဦး ပြေးပါလေတော့သည်။ လူးလွန့်မောင်ကလည်း ခညောင်းဦးပြေးလာတာနဲ့ လက်ကိုလှမ်းဆွဲပြီး သူ့အနောက်တွင်ချက်ချင်း ဝှက်ထားလိုက်သည်။

သွေးစို့သွားပါသော လက်‌ဖမိုးပေါ်က သွားအကွင်းရာကိုကြည့်ပြီး ဦးဥက္ကာရှိန်ဒေါသတွေမှာ ငယ်ထိပ်ပင်တက်ဆောင့်လုမတတ်။ မကြားဝံ့မနာသာပင်..၊ သားအရင်းကိုယ်တိုင်က သူစိမ်းတစ်ရံကိုရွေးချယ်ပြီး ဖခင်အရင်းဖြစ်သူကိုကျ နာကျင်စေသတဲ့လား..။

" ဒီခွေးမသားကတော့.. မင်းအမေနဲ့‌တော်တော့်ကို တူချင်နေတယ်ပေါ့လေ! ဟုတ်လားကွ! "

ငပြူးငလူးWhere stories live. Discover now