ep-ep13

269 12 1
                                    

U&Z

ထား ဒီမနက် ရေးကို တွေ့မှာစိုးလို့ အစောကြီးအောက်ကို ဆင်းပြီး မနက်မုန့်လာစားတာဖြစ်သည်။

"အဲ"

ရှောင်ပါတယ်ဆိုမှ တည့်တည့်ကြီးကိုတိုးတာ။ရေးက လေးထောင့်စားပွဲကြီးရဲ့ အလယ်မှာ ကော်ဖီသောက်ရင်း ထားကိုကြည့်နေတာကြောင့် ထားမှာ ညက ကိစ္စကိုပြန်တွေးပြီး ပါးတွေပင်နီလာရသည်။

"ရေး...ရေး ..အ..အစောကြီးနိုးနေတယ်နော်၊ အဟင်း"

ထား စကားတွေထစ်ကာ ကော်ဖီသောက်ဖို့တောင် လက်တွေတုန်နေတာမို့ ခွက်ကိုပြန်ချထားရသည်။

ရေးက ကော်ဖီသောက်ရင်း ထားကို မမှိတ်မသုန်ပင်
စူးစူးရဲရဲ ကြည့်နေတာမို့ ထားမှာ ရေးကိုပြန်ကြည့်ရင်း
အာတွေခြောက်လာရသည်။

ရေးက ကော်ဖီခွက်ကိုချကာ နှုတ်ခမ်းက ကော်ဖီတွေကို လျှာနဲ့သပ်ရင်း ထားကိုကြည့်ပြီး မျက်ခုံးပင့်လိုက်တော့ ထားမှာ မောဟိုက်လာသလိုခံစားလာပြီး တစ်ဆက်ထဲ ညီညီပြောဖူးသည့်စကားကို ပြန်လည်ကြားယောင်လာသည်။

"အဲ့ကောင် လေချွန်ရင်းနဲ့ မျက်ခုံးပင့်ရင် အရမ်း style ကျတာ မိန်းကလေးတွေ ကြွေကျတာများတယ်"

မှန်တယ်၊ အရမ်းမှန်တာ ၊ မျက်ခုံးကိုအဲ့လိုသာ လျှောက်ပင့်နေရင် ငါတော့ ကျန်ခဲ့တော့မှာပဲ။ဘုရား ဘုရား ရင်တွေမောလိုက်တာ၊အဲ့မျက်ခုံးကို ပင့်မရအောင့် ရိတ်ပြစ်ဦးမယ်။အဲ့ဒါမှ ငါကလွဲပြီး ဘယ်သူမှလာမကြိုက်မှာ။

"မမထား"

"ရိတ်ကိုပြစ်ဦးမှာ"

"ဟင်၊ ရေးဘာလုပ်မိလို့လဲ"

"အဲ မဟုတ်၊ဟို...မြက်ခင်းရိတ်ဖို့လေ ၊ ပန်းပင်တွေနားက မြက်တွေ ရှည်နေသလားလို့"

ထားအဖြေကြောင့် ရေး နှုတ်ခမ်းလေးတစ်ဖက် တွန့်ကွေးကာ ပြုံးမိသည်။

အပျိုကြီးတစ်ယောက်တော့ ရှက်ရမ်းရမ်းနေပြီထင်တယ်။

"မမထား ဒီနေ့ Company သွားမှာလား"

ထား ကော်ဖီခွက်ကို ခုမှကောက်ကိုင်ကာ သောက်ရသည်။

"အွန်း ခနတော့သွားမယ်၊ ရေး တစ်ခုခုမှာစရာရှိလို့လား၊ မှာလိုက်လေ"

အချေလေးကိုချစ်မိပြီ အေခ်ေလးကိုခ်စ္မိၿပီ Where stories live. Discover now