ep-ep5

341 13 0
                                    

U&Z

အခုအကွာအဝေးက တစ်လက်မမျှသာလိုပေမယ့် ရေး ရှေ့ဆက်မတိုးရဲ။

"ယူ"

"ဟင်"

"ယူ ရှေ့ဆက်တိုးချင် တိုးလို့ရတယ်နော်"

"အာ ၊အဲ..မဟုတ်ပါဘူး၊မျက်တောင်လေ မျက်တောင်တစ်ချောင်း ကျွတ်နေသလားလို့ ကြည့်တာ"

"ဟင်!"

ထားမှာ ရေးကို အံ့ဩမဆုံးဖြစ်ပြီး စိတ်ဆိုးကာ အံတွေတောင်ကြိတ်မိပြီး..

"ပြန်တော့ သွား ကိုယ့်အခန်းကိုယ်ပြန်တော့"

"ပြန်မှာပေါ့ လူကို ဘယ်လိုဖြစ်လို့ တွန်းထုတ်နေတာလဲ"

"ပြန်..မရဘူးပြန်လို့"

ရေးမှာ ရှက်ရမ်းရမ်းပြီး အတင်းတွန်းထုတ်နေသော မမထားကို စိတ်မရှည်တော့သောကြောင့် လက်နှစ်ဖက်ကို ဆွဲချုပ်ကာ နောက်ကနေဖက်ထားလိုက်သည်။

ထားမှာ သူ့အားရုတ်တရက်ကြီး နောက်ကနေ တင်းကျပ်စွာ သိုင်းဖက်လာသောကြောင့် ရင်တွေတုန်ကာ ကြောင်သွားသည်။ ပြီးတော့ ရုတ်တရက်ကြီး လှည့်ထွက်ပြီး အခန်းကိုပြန်သွားသော ရေးကြောင့် နားမလည်နိုင်ပင် ဖြစ်ရသေးသည်။အချေလေးဟာလေ ရင်ခုန်အောင် လုပ်တာတောင် တစ်ဝက်တစ်ပျက်နှင့်ရယ်။

......................

ရေးအခန်းထဲရောက်တော့ တံခါးကို မှီပြီး ဖြည်းဖြည်းချင်းထိုင်ချရသည်။ရင်တွေခုန်လွန်းလို့ ဘယ်ဘက်ရင်အုံနားကိုလည်း ဖိထားရသေးသည်။ဒါနဲ့ဆို ဒုတိယအကြိမ်ပဲ။

ဒေါသအိုးက ဘာကြီးလဲဟာ။သူကငါ့ကို ဒီလိုရင်တုန်ပန်းတုန်နဲ့ ဖြစ်စေတာဘာလို့လဲ။ပြီးတော့ ငါ၊ငါ ခုန နမ်းမိတော့လို့။ ဘုရား ဘုရား ဒါက ဘယ်လို အခြေအနေကြီးလဲ ၊စိတ်က လက်တစ်ဆစ်နဲ့ ငါ့ကို အလုပ်ဖြုတ်လိုက်မှဖြင့်..

တစ်ဖက်မှာလည်း

"ထိပ်တင်ထား..ထိပ်တင်ထား နင်သေလိုက်တော့၊အဲ့မှာ ရှက်ဖို့သေတော့မှာပဲ။ဒီငဒူကို ငါ ဘယ်လိုလုပ်ရမလဲဟယ်၊ ဘယ်လိုလုပ်ရမလဲလို့ တကယ်ပဲ ကဲဟယ် ကဲဟယ်"

"ဘုန်း....ဘုန်း"

ထားမှာ ခေါင်းအုံးကို ပေါင်ပေါ်တင်ပြီး စိတ်ရှိတိုင်းသာ ထုနေတော့သည်။

အချေလေးကိုချစ်မိပြီ အေခ်ေလးကိုခ်စ္မိၿပီ Where stories live. Discover now