ep-ep7

328 15 1
                                    

U&Z

ရေး ဝိုင်းတစ်ဝိုင်းမှာ ထိုင်နေတုန်း....

"ဟိတ် ရေး တွေ့ပြန်ပြီနော်၊အဲ့ဒါကြောင့် ခုနက မိတ်ဆက်ကတည်းက နိုးနိုးကြည့်နေတာ၊တူပါတယ်ထင်တာ style တွေ change လိုက်တာလား ၊ အရမ်းကြည့်ကောင်းနေတာပဲ"

အရမ်းတွေပျစ်နှစ်နေတဲ့အသံတစ်ခုကြားလိုက်လို့ မော့ကြည့်တော့ နိုးနိုးဆိုသော မိန်းကလေး။ ပေါင်လယ်လောက်ထိ ဂါဝန်အကျပ်ဝတ်ထားတာပြီး အမွှေးပွခြုံထည်ကို ခြုံထားကာ မျက်နှာမှာ အရွယ်နဲ့မလိုက် အပြာရင့်ရောင်များ ခြယ်သထားသည်။

ရေးက အပြုံးမမည်သော အပြုံးတစ်ခုကိုသာ ပြုံးပြပြီး

"ကျေးဇူး"

"ရေးကလည်း......စိမ်းကားနေလိုက်တာ၊နိုးနိုးက သူစိမ်းမှမဟုတ်တာ"

ဆိုပြီး စားပွဲပေါ်တင်ထားသော ရေးရဲ့ လက်ဖဝါးကို ပွတ်ဆွဲလာသောကြောင့်..

"မနိုးနိုးနဲ့ ကျွန်မက အမျိုးမှမတော်ပဲ သူစိမ်းတွေပေါ့"

ဟုဆိုကာ လက်ကို တစ်ရှူးတစ်ရွက်ယူပြီးသုတ်လိုက်သည်။ နိုးနိုးမျက်နှာ မဲခနဲဖြစ်သွားပေမယ့် ချက်ချင်းပြန်ပြုံးကာ

"ရေးကလည်း ရေးကို ဟိုအဖွားကြီးတွေတောင် လက်ကိုချိတ်သေးတာပဲ၊နိုးနိုးလို ငယ်ငယ်ရွယ်ရွယ်လေးက ဒီတိုင်းထိတာတောင် မရဘူးလားလို့"

"မရဘူး၊ပြီးတော့ သူတို့က အသက်ကြီးသလို တစ်ယောက်ချင်းစီတိုင်းက ရင့်ကျက်တည်ငြိမ်တယ်၊ အဲ့လိုအမျိုးသမီးကောင်းလေးတွေက ချိတ်ခွင့်ရှိတယ်"

ရေးစကားကြောင့် နိုးနိုးမှာ ရှူးရှူးရှားရှား ဖြစ်သွားကာ

"ဟင်၊ရေးပြောချင်တာက နိုးနိုးက အမျိုးသမီးကောင်းလေးမဟုတ်ဘူးလို့ပြောချင်တာလား"

"ကျွန်မ သူများသားသမီးကို အဲ့လိုတော့မပြောပါဘူး၊ ဒါပေမယ့် ကြိုက်မှန်းမသိ မကြိုက်မှန်းမသိတော့ အရမ်းကြီးလိုက်မကပ်ပါနဲ့လား၊မနိုးနိုးလည်း အတန်းပညာတတ်ပါတယ်၊ပြောချင်တာကို သိတယ်မှလား ဒါဆို ခွင့်ပြုပါဦး"

ရေးလည်း ပြောပြီး မမထားလာနေတာမြင်လို့ ထသွားလိုက်သည်။ဟိုတစ်ယောက်ဘယ်လိုကျန်ခဲ့လည်း ရေးစိတ်မဝင်စား။ရေးစိတ်ဝင်စားတာက ရေးရဲ့နှလုံးသားနတ်ဘုရားမကိုသာ

အချေလေးကိုချစ်မိပြီ အေခ်ေလးကိုခ်စ္မိၿပီ Where stories live. Discover now