စူးကျိုက်ကျိုက် စိတ်ထဲမထားဘဲ အခုလေးတင် သူမရိုက်ထားတဲ့ ဓာတ်ပုံတွေကို ကြည့်ပြီး ကျေနပ်စွာ ပြုံးနေလိုက်သည်။ မကြာခင်မှာပဲ အပြေးသမားတွေက သူတို့ရဲ့လမ်းတွေကို ရှာတွေ့သွား၏။ ကျန်းလုရန့်ကို ပထမလမ်းကြောတွင် နေရာချထားသည်။

သူသည် အတန်း (၁) ၏အဖြူရောင်တီရှပ်ကို ဝတ်ဆင်ထားခဲ့ပြီး အနက်ရောင် အားကစားဘောင်းဘီတိုကို ပြောင်းဝတ်ထားခဲ့သည်။ သူ၏၀တ်စားဆင်ယင်မှုသည် ခါတိုင်းထက် ပို၍ ငယ်ရွယ်နုပျိုနေစေပါသော်လည်း သူ့အကြည့်များက ရေခဲကဲ့သို့ အေးစက်နေသေးသည်။

အထက်တန်းပထမနှစ်တွင် တန်းခွဲပေါင်း (၃၀) ရှိပြီး လမ်းကြော (၈) ခုရှိသည်။ ကျောင်းသားများကို အစမ်းပြေးပွဲ (၄) ပွဲခွဲထား၏။ အချိန်အတိုဆုံးဖြင့် ထိပ်ဆုံးရှစ်ယောက်က ဖိုင်နယ်ကို ဝင်ရောက်ပြီး မွန်းလွဲပိုင်းတွင် ကျင်းပမည်ဖြစ်သည်။
 
ရလဒ်အနေဖြင့် အတန်း(၉)သည် ဒုတိယအစမ်းပြေးပွဲအတွက် စီစဉ်ထားပြီးဖြစ်သောကြောင့်  အတန်း(၁)ဖြင့် အုပ်စုဖွဲ့ခြင်းကို လွဲချော်ခဲ့သည်။

မကြာခင်မှာ ပြိုင်ပွဲစတင်ဖို့ အချိန်တန်ပါပြီ။

အပြေးသမားများသည် သူတို့နေရာများကို ယူကြသည်။

ကျန်းလုရန့်သည် မြေပြင်ပေါ် ဒူးတစ်ဖက်ထောက် ငုံ့နေပြီး လည်ပင်းကိုဖြေလျှော့ကာ အဆင်သင့်အနေအထားဖြင့် ရှိနေ၏။

ဒိုင်လူကြီးက 'အသင့်ပြင်' ဟုအော်သောအခါ သူသည် ပြင်းထန်စွာ လှုပ်ရှားတော့မည့်ပုံပေါ်ကာ ပိုမိုအာရုံစိုက်လာခဲ့သည်။ သေနတ်ပစ်ခတ်မှုအပြီးတွင် အပြေးသမားအားလုံးက အားကုန်သုံး၍ ရှေ့သို့ ပြေးသွားကြသည်။

စူးကျိုက်ကျိုက်သည် အချိန်မီ ပြီးမြောက်သည့်လမ်းကြောင်းတွင် ရပ်နေပြီး သူမ၏ကင်မရာကို ကိုင်ထားဆဲဖြစ်ကာ မှတ်တမ်းတင်ရန် စတင်လိုက်သည်။

ဝိုင်းအုံနေသော လူအုပ်ကြီး၏ အော်ဟစ်သံများ၊ အားပေးသံများက သူမနားထဲတွင် ထွက်ပေါ်လာသည်။

ကျန်းလုရန့်သည် အခြားသူများထက် ပိုမြန်သည်မဟုတ်သော်လည်း သူက လမ်းကိုဦးဆောင်နေဆဲဖြစ်ကာ ပန်းတိုင်ကို ပထမဆုံးဖြတ်ကျော်လာခဲ့သည်။ ရွှင်မြူးသံများ ထွက်ပေါ်လာပါ၏။

When I Fly Towards You ( ဘာသာပြန် )Donde viven las historias. Descúbrelo ahora