[ သူက အဖက်မလုပ်တာ မဟုတ်ပါဘူး
ဒီအတိုင်း သူက စကားအများကြီးပြောရတာ မကြိုက်ရုံပါပဲ ]< နတ်မိမယ်လေးစူးကျိုက်ကျိုက်ရဲ့ဒိုင်ယာရီ >
အင်္ဂါနေ့မွန်းလွဲပိုင်းတွင် စူးကျိုက်ကျိုက်သည် ထုံးစံအတိုင်း စာကြည့်တိုက်သို့ သွားခဲ့သည်။ သူမ အံ့သြမိသည်မှာ ကျန်းလုရန့်ကို သူမ မတွေ့ခဲ့ရပေ။ စူးကျိုက်ကျိုက် ထိတ်လန့်သွားသည်။
သူ စိတ်ဆိုးသွားတာတော့ မဟုတ်လောက်ဘူးမလား?
သူမ စကားအများကြီးမပြောတော့ဘဲ သူက မေးခွန်းသုံးခုမှန်တယ်လို့ပဲ သူမက သူ့မျက်နှာကိုကြည့်ပြီး ပြောလိုက်တာပါ...
ထိပ်တန်းကျောင်းသားတစ်ယောက်က မာနပိုကြီးတာ ဖြစ်နိုင်ပါတယ်လေ...
သို့သော် သူမက သူ့ကို 'အရူး' လို့ခေါ်ဆိုပြီးနောက် သူမအား ပြန်ပြီးကျိန်ဆဲခဲ့သည်ကို ပြန်ပြောင်းတွေးကြည့်ရင်တော့ သူက စိတ်သဘောထားသေးသိမ်တာကို တွေ့ရသည်။
သို့သော်လည်း သူမ သူ့ကို ရှာမတွေ့သလို မေးလို့လည်းမရ ၊ သူက စာကြည့်တိုက်ကို ဘာလို့မသွားတာလဲ! မဟုတ်ရင် သူမစိတ်ရင်းက သိသာလွန်းနေမှာ မဟုတ်ဘူးလား? သူမက သူ့အပေါ် စေတနာထားချင်နေရင်တောင် အကြောင်းပြချက်တစ်ခုကို တွေးလို့တောင်မရဘူး။
တစ်နည်းမဟုတ်တစ်နည်းပေါ့......ဒါဆို အရင်စမ်းကြည့်ရအောင်
ဗုဒ္ဓဟူးနေ့တွင် အတန်းအချင်းချင်း လေ့ကျင့်ခန်းလုပ်ပြီးနောက် သူမသည် စာသင်ခန်းသို့ ချက်ချင်းပြန်ပြေးကာ ရေသန့်ဘူးကို ကောက်ယူ တတိယထပ်သို့ ပြေးသွားခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ ကျန်းလုရန့်၏ထုံးစံအတိုင်း အချိန်ဇယားကို တွေးလိုက်မိသည်။
ဒီထက် ပုံမှန်မဖြစ်နိုင်ပါ...
မနက်ပိုင်း ပထမနှင့်တတိယအချိန်အပြီးတွင် အိမ်သာသွား၍ ဒုတိယအချိန်အပြီးတွင် ရေသွားယူသည်။ နေ့လည်ပိုင်း ပထမအချိန်အပြီးတွင် ရေဖြည့်ပြီး ဒုတိယအချိန်ပြီးနောက် အိမ်သာသွားသည်။
နေ့လည်ကျောင်းဆင်းရင် ထမင်းစားရန် ကဖေးသို့သွား၊ အိပ်ဆောင်ကိုရေပြန်ချိုး၊ ဆေးကြောသန့်စင်ပြီးနောက် စာအုပ်တွေယူရန် စာသင်ခန်းပြန်သွားပြီး စာလုပ်ရန် စာကြည့်တိုက်သွားသည်။ ညနေစာကြည့်ချိန် ပထမအချိန်ပြီးနောက် ရေထပ်ဖြည့်ပြီး ညနေစာကြည့်ချိန် ဒုတိယအချိန်အပြီးတွင် အိမ်သာသွား၏။
YOU ARE READING
When I Fly Towards You ( ဘာသာပြန် )
RomanceNO PAID GP ‼️ Title - She's a Little Crazy / 她病得不轻; 陆遥知他意 Author - Zhu Yi Chapter - 63 Started Date : 23.11.2023