[ ငါ့ရဲ့အင်္ဂလိပ်စာအဆင့်တွေကို ငါ နင့်ဆီ ရောင်းပေးလို့ရတယ်
မေတ္တာလက်ဆောင်ကတော့ ငါပဲ.. နင် လိုချင်ရဲ့လား ]< နတ်မိမယ်လေးစူးကျိုက်ကျိုက်ရဲ့ဒိုင်ယာရီ >
တစ်ညအကြာတွင် သူမ၏စိတ်ဝိညာဉ်ကို ပြန်လည်ရရှိခဲ့သည်။ နောက်ဆုံးတော့ သူမဟာ ပြဿနာတွေကို တဝဲလည်လည် တွေးနေတတ်တဲ့သူမဟုတ်လေဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဘာတွေပဲဖြစ်နေပါစေ သူမက အရင် ပရောပရည်လုပ်ပြီး နောက်မှပဲ စိတ်ပူစရာရှိတာပူတော့မယ်။
သူမ၏စိတ်ထဲတွင် စူးကျိုက်ကျိုက်သည် ကျန်းလုရန့်အနားတွင် ရှိနေသည့်အချိန်တိုင်း သူမ၏တည်ရှိမှုကို မကြာခဏဆိုသလို သိစေခဲ့သည်။ နေ့လယ်စာစားပြီးနောက် သူမ ကျန်းကျားကို နှုတ်ဆက်ပြီး စာသင်ခန်းသို့ ပြန်သွားခဲ့သည်။
အချိန်ကိုခန့်မှန်းပြီးနောက် စူးကျိုက်ကျိုက်သည် ဆယ့်ငါးမိနစ်ခန့် အိမ်စာလုပ်ပြီးနောက် ကျန်တစ်နေကုန် အိမ်စာများကို ယူကာ စာကြည့်တိုက်သို့ တန်းတန်းမတ်မတ်သွားခဲ့သည်။
အရင်တစ်ခေါက်က နေရာကို ရှာတွေ့ပြီးနောက်တွင် ခေါင်းငုံ့ကာ အိမ်စာလုပ်နေသော ကျန်းလုရန့်ကို ချက်ချင်းတွေ့လိုက်ရသည်။ သူနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်နေသူတစ်ယောက်တောင် ရှိနေပါသေး၏။ ထို့ကြောင့် စူးကျိုက်ကျိုက်က သူ့ဘေးနားတွင် အလွယ်တကူ ဝင်ထိုင်လိုက်ပါသည်။
ကျန်းလုရန့်၏မျက်ခွံများပင် မလှုပ်မရှား...
သူက သူ့ဘေးမှာထိုင်နေတဲ့သူကို လုံးဝဂရုမစိုက်သလို အာရုံလည်းမပျံ့လွင့်သွားခဲ့ဘူး။
စူးကျိုက်ကျိုက် သူ့ရဲ့လေ့ကျင့်ခန်းစာအုပ်ကို တစ်ချက်ကြည့်လိုက်သည်။ အင်္ဂလိပ်စာကွက်လပ်ဖြည့်...
သူမ မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်နေပြီး သူ့ကို အာရုံမစိုက်တော့ဘဲ လေ့ကျင့်ခန်းစာအုပ်ထဲမှ ဓာတုဗေဒဖော်မြူလာတွေကို ကြည့်ဖို့ ခေါင်းလှည့်လိုက်တော့ ကြေကွဲလုမတတ် စိတ်တိုလာရသည်။ သူမက အင်္ဂလိပ်စာ အလွန်ကျွမ်းကျင်ပါလျက်နဲ့ ဤစာလုံးပေါင်းများကို အဘယ်ကြောင့် သူမ မမှတ်မိနိုင်ရသနည်း။
YOU ARE READING
When I Fly Towards You ( ဘာသာပြန် )
RomanceNO PAID GP ‼️ Title - She's a Little Crazy / 她病得不轻; 陆遥知他意 Author - Zhu Yi Chapter - 63 Started Date : 23.11.2023