"ဟုတ်ပါတယ်။အစ်ကို့ ကိုယုံပါတယ်။ဒါ့ကြောင့် ကျွန်တော်တို့ အစ်ကို့ကိုကမ်းလှမ်းတာပါ။အစ်ကိုစဉ်းစားပေးဖို့မျှော်လင့်ပါတယ်"

"မဟုတ်သေးဘူး။မင်းတို့ကိုယ့်အကြောင်းကိုသိချင်သိမယ်။ဒါမှမဟုတ် မသိချင်လဲမသိမယ်။ဒါပေမဲ့....ကိုယ်က မင်းတို့နဲ့ပတ်သတ်ပြီးဘာမှသိတာလဲမဟုတ်ဘူး။မင်းတိုနဲ့ကိုယ်ဆိုတာ ဒီတိုင်းမတော်တဆဆုံဖူးခဲ့ကြတာပဲရှိတယ်"

"ကျွန်တော်တို့ သေချာစဉ်းစားဆုံးဖြတ်ပြီးမှ အစ်ကို့ဆီလာခဲ့တာပါ။အခုချိန်မှာ အစ်ကိုတစ်ယောက်ပဲဖြေရှင်းပေးနိုင်မှာမို့လို့ပါ။စဉ်းစားပေးဖို့မျှော်လင့်ပါတယ်။ငွေရေးကြေးရေးစကားပြောတာမဟုတ်ပေမဲ့ အစ်ကို့အတွက်လဲအကျိုးမယုတ်စေရပါဘူး။ဒီကမ်းလှမ်းချက်ကို လက်ခံတယ်ဆို ဒီဖုန်းနံပါတ်ကိုဆက်လိုက်ပါ ကျွန်တော် လူလွှတ်လိုက်ပါ့မယ်"

business card ထပ်မံပေးလာသောကြောင့် သူယူဖို့ငြင်းလိုက်သည်။အရင်တစ်ခါက သူတို့ပေးထားတာရှိသေးတယ်လေ။

"တော်ပြီ ကိုယ့်မှာရှိတယ်"

"ဟုတ်ကဲ့။ဒါဆို ကျွန်တော့်ကိုခွင့်ပြုပါအုံး။အစ်ကို ကူညီပေးမယ်လို့လဲထပ်မံမျှော်လင့်ပါတယ်။စောင့်နေမယ်နော်"

ဟန်လင်းသန့် ထွက်သွားတော့မှ ရှင်းဟန်လဲထိုနေရာမှထွက်ခဲ့လိုက်သည်။သူလာကိုလာမယ်လို့ယုံကြည်ပြီးကို ပြောသွားတာကြောင့် ရှင်းဟန် အခက်သားဖြစ်နေရသည်။

သူတို့သတိမထားမိလိုက်သည်ကား အဆောင်အဉီးအကွယ်တစ်နေရာ၌ လျှာထိုးဉီးထုပ်အနက်ဆောင်းထားသည့်သူရှိနေသည်ကိုပင်။ထိုသူမှာ သူ၏ဆိုင်ကယ်ကိုယူကာသေချာပေါက်ကို ရှင်းဟန်နောက်ကိုလိုက်သွားသည်။

ရှင်းဟန် မိမိနောက်မှတစ်ဟုန်ထိုးစီးလာသည့်ဆိုင်ကယ်ကို သတိပြုမိသောကြောင့် ဘေးတွင်ရပ်ထားသော ကားများကြားထဲဝင်ရွေ့လိုက်သည်။ထိုဆိုင်ကယ်မှာ မိမိမရှောင်လျှင်တကယ်တိုက်သတ်မည်ဖြစ်သည်။

ဆိုင်ကယ်ပေါ်က သူမှာရှင်းဟန်ကို ခပ်စူးစူးကြည့်၍ မောင်းထွက်သွားလေသည်။အခြေအနေအားလုံးကို,ရှင်းဟန်ရိပ်မိလာသည်။သူ ခုနကပဲဟန်လင်းသန့်နဲ့စကားပြောလာတယ်။အဲ့ဒီနောက် သတိပေးသလိုအထာနဲ့လုပ်ကြခံရတယ်။သေချာတယ်။ဒါ ဗာမာန်ရာစုနဲ့ပတ်သတ်နေမယ်ဆိုတာ။ရှင်းဟန် စိတ်ဝင်စားသွားလေပြီ။

Love Behind The Complexity Where stories live. Discover now