"ဒုတိယမမရဲ့ ကိုယ်ပေါ်မှာ ဘာလက်ဝတ်လက်စားမှ မရှိတာတောင် တတိယမမအတွက်တော့ ငွေတုံး၄၀၀ကုန်တဲ့ တန်ဖိုးကြီးတာပေးခဲ့တယ်ပေါ့ သိပ်ရက်ရောတာပဲ...တကယ့်ညီအစ်မတွေကြားက သံယောဇဉ်တွေကြောင့်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်လေ...ဒါပေမယ့် အိမ်ပြန်လာတာတစ်လလောက်ပဲ ရှိသေးတဲ့ ဒုတိယမမကတတိယမမအပေါ် အဲ့လောက် သံယောဇဥ်ရှိတယ်ဆိုတာ ထင်တောင် မထင်ထားမိဘူး"

ဒီစကားရဲ့ ဆိုလိုရင်းက ကျန်းညီအစ်မနှစ်ယောက်က မတည့်ကြတာ လူတိုင်းသိတယ်။ အဲ့တော့ကျန်းလီက ကျန်းယို့ရောင်ကို တန်ဖိုးကြီးတဲ့ လက်ဆောင်ပေးတယ်ဆိုတာ သဘောရိုးနဲ့ ဖြစ်နိုင်ပါ့မလားနောက်ကွယ်မှာ သူမ တစ်ခုခုမကောင်းကြံထားတာ အသိသာကြီးပဲ။

ကျန်းယို့ရောင်ရဲ့ မျက်ခမ်းစပ်တွေက နီရဲနေပြီး သူကလက်ကိုင်ပုဝါလေးနဲ့ မျက်ဝန်းထောင့်စွန်းက ကျန်နေသေးတဲ့ မျက်ရည်စတွေကို သုတ်နေရင်း ဝမ်းနည်း​ကြေကွဲမှုအပြည့်နဲ့ ပြောတယ်။ "ဒုတိယမမ အိမ်ပြန်လာတာကို ညီမလေး အရမ်းပျော်ပါတယ် ဒါပေမယ့် မမရင်ထဲမှာ အခုထိ ညီမလေးတို့ကို အပြစ်တင်နေလိမ့်မယ်လို့ မထင်ထားဘူး"

"လီအာ" တစ်လျှောက်လုံး တစ်ခွန်းမှမဟခဲ့တဲ့ ကျီရှုးရန်က အရှေ့ကို လျှောက်လာပြီး ကျန်းယို့ရောင်ကိုလည်း လက်တစ်ဖက်နဲ့သူ့ရင်ခွင်ထဲ ထည့်ဖက်ထားကာ ချော့မော့သလို ပုခုံးကို နည်းနည်းပုတ်ပေးလိုက်ရင်း စိတ်သောကရောက်နေဟန်နဲ့ ပြောတယ်။

"သမီး မကျေနပ်ရင် အမေ့ဆီ တိုက်ရိုက်လာ​ပြောလို့ရပါတယ် အမေကတော့ အမြဲ သမီးကို ကိုယ့်သမီးလို့ယူဆပြီး စိတ်အရင်းအမှန်နဲ့ ဆက်ဆံပေးခဲ့ပြီးတော့ ဘယ်နည်းနဲ့မဆိုစောင့်ရှောက်ပေးခဲ့တာပါ....သမီး လက်ခံပေးနိုင်တာထက် ပိုပြီး တောင်းဆိုနေတာလည်း မဟုတ်ပါဘူး...သမီးအဖေရဲ့ မျက်နှာကိုထောက်ပြီးပဲဖြစ်ဖြစ် အမေတို့မိသားစုလေး အဆင်ပြေပြေနဲ့ ဒီအတိုင်းလေး နေသွားချင်တာပါ ဒါပေမယ့် ယို့ရောင်က သမီးရဲ့ ညီမလေးပဲကို ဘယ်လိုလုပ် သူ့ကို ဒီလိုကျိန်စာတိုက်ဖို့အထိ အကြင်နာမဲ့တဲ့ လုပ်ရပ်မျိုး လုပ်နိုင်ရတာလဲတကယ်ပဲ သွေးသားစပ်နွယ်မှုတွေကို ထည့်မစဥ်းစားတော့ဘူးလား"

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းΌπου ζουν οι ιστορίες. Ανακάλυψε τώρα