#
အခုရက်ပိုင်း ကျွန်မရဲ့ အတွေးတွေထဲမှာ ဝင်ရောက်စိုးမိုးနေခဲ့တာကတော့ ထိုလူသားလေးပင်...
ကျွန်မရဲ့ ဘဝထဲကို...
မိုးတွေလေတွေနဲ့အတူ ဝင်ရောက်လာခဲ့တဲ့သူ...ကျွန်မအတွက်...ထိုလူသားလေးက
အမှောင်ထုကြီးကို ဖြိုခွင်းလိုက်တဲ့ အလင်းလေးတစ်စလိုမျိုး...မှိတ်တုတ်မှိတ်တုတ် ကြယ်လေးလိုမျိုး လမင်းမရှိတဲ့ ကျွန်မရဲ့ ကောင်းကင်မှာ ထိုလူသားလေးကသာ အတောက်ပဆုံးပေါ့...
ကျွန်မရဲ့ နှလုံးသားထဲမှာ စွဲထင်နေတဲ့ ထိုလူသားလေးရဲ့ ရုပ်ပုံလေးဟာ စားပွဲပေါ်က ပြန့်ကျဲနေတဲ့ စာရွက်တွေပေါ်မှာ ရေးဆွဲထားတာ ရှုထောင့်အမျိုးမျိုးနဲ့ပေါ့...
ထိုလူသားလေးက ကျွန်မကို အကြောင်းအရင်းမရှိဘဲနဲ့ ပြုံးမိသွားစေနိုင်တဲ့ အကြောင်းအရင်းလေးပေါ့...
တစ်စတစ်စနဲ့ ပြည့်နှက်လာခဲ့တဲ့ ဒိုင်ယာရီထဲက သူ့ရဲ့အကြောင်းတွေ...
ပြီးတော့...
တစ်စတစ်စနဲ့ လေးနက်လာခဲ့တဲ့ ရင်ဘက်ထဲက ခံစားချက်တွေ...
ဒါကို အချစ်လို့ခေါ်သလား? ဒီလို ဘာမှန်းမသိတဲ့ ခံစားချက်ကြီးကိုလေ?
ကျွန်မသိနိုင်တဲ့ တစ်ခုတည်းသော အရာကတော့ ကျွန်မရဲ့ ရင်ဘက်ထဲမှာ လိပ်ပြာတွေ ပျံဝဲနေပြီဆိုတာပဲ...
ကျွန်မတို့ နောက်ထပ်တစ်ကြိမ် ထပ်ပြီးတော့ တွေ့ဆုံဖြစ်လိမ့်မယ်လို့တော့ ကျွန်မလုံးဝ မမထင်ထားမိခဲ့ဘူး...
ဒါပေမဲ့လည်း သူနဲ့ တွေ့ဆုံခွင့်ရခဲ့တယ်...
ကောင်းသောတွေ့ဆုံခြင်းမျိုး မဟုတ်ခဲ့ပေမဲ့လို့...Menstruation ဖြစ်တာက ဘယ်လောက်ထိ ဆိုးရွားမှန်း မိန်းကလေးတိုင်း သိပြီးသား ဖြစ်မှာပါ...။ ရှောင်လွဲချင်ပေမဲ့လည်း မတက်သာတဲ့ အခြေအနေတစ်ခုပေါ့...
တိုက်တိုက်ဆိုင်ဆိုင်ပဲ လစဉ်သုံးပစ္စည်းကလည်း ကုန်နေတာကြောင့် ကျွန်မ လမ်းထိပ်က store ဆိုင်ကို ထွက်လာခဲ့တယ်။ ထိုအရာကို ဝယ်ယူပြီး ငွေရှင်းကောင်တာပေါ်ကို တင်ပေးလိုက်တယ်။
I saw you for the first time on a rainy day
Mulai dari awal