Rikuအမေက Rikuခန္ဓာကိုယ်လေးကို ကွယ်ထားပေးပြီး လက်နှစ်ဖက်ဖြန့်ကားလို့ မျက်ရည်တွေနဲ့ အဖေဖြစ်သူကိုတားတယ်။

"မင်းတစ်ယောက်ထဲနဲ့တင် ငါ့ကို$ရှက်ခွဲရတာ အားမရလို့ ဒီအကောင်ကပါ ငါ့ကို‌စော်ကားနေတာ ငါကသည်းခံနေရမှာလား "

Rikuအဖေက ဘေးနားက မြေအိုးကို ပစ်ပေါက်ခွဲပြီး သောင်းကျန်းပြန်တယ်။

"ဘယ်ကမှန်းမသိဘဲ လင်ကောင် မပေါ်ဘဲမွေးထားတဲ့ ဒီ‌ကလေကချေကောင်ကို ငါက ပြုစုထားရတာကို ငါ့ကို အခုလိုကျေးဇူးဆပ်ကြတယ်ပေါ့ ဟုတ်လား"

စကားလုံးတွေက Rikuနားနဲ့မခံသာလောက်အောင် ခါးသီးလွန်းတယ်။ဘယ်လိုပဲ Rikuက သားအရင်းမဟုတ်ဘူးပဲ ဆိုဆို Rikuမှာ အခုအရွယ်ထိ ကလန်ကဆန်လုပ်ခဲ့တဲ့ လုပ်ရပ်လေးတစ်ခုတောင်မရှိအောင် သည်းခံခဲ့သေးတာပဲ။Rikuက အခုမှကလေးပဲရှိသေးတယ်။

Rikuအရှေ့က ကာပေးထားတဲ့ Rikuအမေက တွန်းထုတ်ခံလိုက်ရတယ်။လဲကျသွားတဲ့ မိခင်ဖြစ်သူက သားငယ်ကို မကာကွယ်ပေးနိုင်တော့ဘူး။

Rikuပါးပေါ် စပ်ဖျန်းဖျန်း ရိုက်ချက်တစ်ခုကျလာတယ်။

"အဲ့လို ရွံစရာကိစ္စတွေကို မင်းခေါင်းထဲ ဘယ်ကတည်းက ဝင်လာတာလဲ ငါမင်းရဲ့ခေါင်းကို ရိုက်ခွဲပြီး အဲ့လိုအတွေးတွေကို ဆွဲထုတ်ပေးရမလား"

Rikuရဲ့ ခေါင်းဟာ ထုံကျင်သွားအောင် ဆံပင်တွေကို ဆွဲခံထားရတယ်။အိမ်ရှေ့မှာ ဒူးထောက်ပြီး နောက်ကျောကို ဆုတ်ပြဲနေအောင် ရိုက်ခံခဲ့ရတယ်။

"ငါက ပင်ပင်ပန်းပန်းအလုပ်တွေလုပ်နေရတာကို ကြားလိုက်ရတဲ့သတင်းက ဘာ ငါ့သားဆိုတဲ့ကောင်က တစ်ခြားကောင်လေးနဲ့ နမ်းနေတယ်တဲ့ ကြားလို့ကောင်းလား ကောင်းသေးလား"

တစ်ချက်ရိုက်တိုင်း ကျောပြင်မှာ အလျိုးရာအကြောင်းလိုက်ထင်ရုံမက ကျယ်လောင်လာတဲ့အဖေဖြစ်သူရဲ့ အော်ဟစ်သံနဲ့ ဘေးနားက ငိုယိုနေတဲ့ အမေရဲ့ငိုယိုပြီး တောင်းပန်နေသံတွေဟာ Rikuတစ်ဘဝလုံးအတွက် မမေ့နိုင်ဆုံးအရာတွေ ဖြစ်လာခဲ့တယ်။

"မင်းက ယောင်္ကျားလား မိန်းမလား Maeda Riku ငါမေးတာကို ဖြေစမ်း မင်းပါးစပ်က ဖြေစမ်း"

SILENCEWhere stories live. Discover now