💌 (14)

87 12 21
                                    

(၁၄)

Rikuမွေးနေ့ရောက်လာခဲ့တယ်။အသက်၂၁နှစ်ပြည့်မွေးနေ့။
ကျောင်းက သူငယ်ချင်းတွေကိုတော့ ဆိုင်မှာ အကျွေးအမွေးနဲ့ပြုစုပြီး အိမ်ကိုပြန်လာခဲ့တယ်။ဟို Kim Daeyoung ကတော့ မွေးနေ့မို့လာခဲ့ပါခေါ်တာကို လူစိမ်းတွေနဲ့မို့ မလာချင်ဘူးဆိုပြီး ငြင်းတယ်။တအားဇီဇာကြောင်တဲ့ကောင်ပဲ။

သူ့ရဲ့အင်္ကျီတွေကိုလဲ Rikuက ယူဝတ်ရင် ဆူခံရသေးတယ်။ညစာမစားရင်လဲ ဆူသေးတယ်။ဆရာတအားလုပ်တဲ့ကောင်ပဲ။

Rikuက နည်းနည်းသောက်ထားတယ်။ဒါပေမယ့် အိမ်ကိုရောက်အောင်တော့ ဘက်စ်ကား မှန်အောင်‌ေတာ့ စီးနိုင်သေးတယ်။ပါးစပ်ကနေ Kim Daeyoung မကောင်းကြောင်းတတွတ်တွတ်ရွတ်နေသေးတယ်။ကြည့်နေ မွေးနေ့ကို ဂုဏ်ပြုမပေးလို့ မင်းကို စိတ်ဆိုးပြမယ်။

အိမ်တံခါးဖွင့်ဝင်တော့ အခန်းက မှောင်မဲလို့ ဘေးအခန်းကလဲ မှောင်လို့။အိပ်နှင့်နေပြီပေါ့လေ သူက ဘယ်လိုသတ္တိနဲ့ အိပ်နှင့်နိုင်တာလဲ။

"Kim Daeyoung မင်းထစမ်း"

ဝရံတာတံခါးကို ခေါက်ပြီး အထဲက လူကို အတင်းနှိုးတော့တာပဲ။
တော်တော်နဲ့ထမလာတာနဲ့ Rikuလဲ ဝရံတာကနေ အိုဆာကာရဲ့ ညမြင်ကွင်းကို ကြည့်နေလိုက်တယ်။ခနကြာတော့မှ ဝရံတာ တံခါးက အသာပွင့်လာတယ်။Kim Daeyoung က မွေးနေ့ကိတ်လေးနဲ့ပေါ့။

"Happy Birthday to my ငဂျစ်ကောင်"

Rikuက အံ့ဩမှုနဲ့အတူ ရယ်လိုက်တယ်။တကယ်တော့ Kim Daeyoung အခုလို လုပ်မယ်ဆိုတာ ကြိုမျှော်မှန်းထားပြီးသားပါ။Rikuဘဝမှာ မရခဲ့ဖူးတဲ့အရာတွေကို Daeyoung က ဖန်တီးပေးလိမ့်မယ်။

"မင်းကမှ ငဂျစ်ကောင် ငါ့ကို စိတ်ဆိုးအောင်လုပ်သေးတယ်
ငါ့မှာတော့ မင်းကိုကျွေးဖို့ဆိုပြီး ပိုက်ဆံတွေကြိုစုထားရတာ
သူငယ်ချင်းတွေကိုတောင်ပြောလိုက်သေးတယ် ငါ့ရဲ့ဘေးအခန်းက သူငယ်ချင်းက သဘောကောင်းရုံတင်မကဘူး ငါ့ကိုအလိုလိုက်တယ်ဆိုပြီး ကြွားခဲ့သေးတာကို မင်းကမလာဘူး ဘယ်လောက်တောင် စိတ်ဆိုးစရာကောင်းလိုက်လဲ အခုကျလဲ ငါ့ကိုစိတ်ဆိုးလို့မရအောင်လုပ်ပြန်တယ်
Kim Daeyoung မင်းက ဘာဖြစ်ချင်နေတာလဲ"

SILENCEWhere stories live. Discover now