💌 (10)

71 14 1
                                    

(၁၀)

Rikuက ခံစားချက်ကို ထိန်းလို့ အေးစက်နေတဲ့လက်ဖျားတွေကို ဖွက်ပြီး မီးခလုတ်ရှိရာကိုသွားပြီး ခလုတ်ကိုစစ်ဆေးလိုက်တယ်။မီးခလုတ်က ကျွံနေတာပဲ။အပေါ်လဲဖိမရ အောက်လဲဖိမရနဲ့ အလယ်မှာ ဒီအတိုင်းရှိနေတာ။

"ဒီနေ့မှ စဖြစ်တာလား"

Rikuက Daeyoung ရှိရာကို လှည့်ပြောတော့ Daeyoung က သူ့ဘေးက အမျိုးသမီးပြောတာကို နားထောင်နေတယ်။Rikuအသံကိုကြားတော့ Rikuကို တစ်ချက်ကြည့်‌တယ်။

"ဟုတ်တယ် ဒီနေ့မှငါလဲကြည့်မိတာ "

Rikuလဲ ဘာဆက်ပြောရမှန်းမသိတာနဲ့ ခေါင်းငြိမ့်ပြီး ဘာမှလုပ်မရတဲ့မီးခလုတ်ကိုပဲ လက်နဲ့လျှောက်နှိပ်နေတယ်။သူသာ ဒီအချိန် အခန်းထဲက ထွက်သွားရင် နည်းနည်းထူးဆန်းနေမယ်ထင်တာမို့ ဒီအတိုင်း မထွက်သွားဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ခနကြာတော့ Daeyoung ဆီက အသံကျယ်ကျယ်ကိုကြားရတယ်။Rikuကိုပြောတာတော့ မဟုတ်ဘူး သူ့ဘေးက အမျိုးသမီးကို ပြောလိုက်တာ။

"ပြန်တော့ ကျွန်တော်တို့နောက်နေ့မှ စကားဆက်ရအောင်"

ဘေးက အမျိုးသမီးကလဲ အိုခေ တစ်ခွန်းပြောပြီး ပိုက်ဆံအိတ်ကိုယူပြီး ထွက်သွားတယ်။စားပွဲခုံပေါ်က မုန့်တွေကိုတော့ ဒီအတိုင်း ထားခဲ့တယ်။

"ငါ သူနဲ့အတူတူအိပ်တာ မဟုတ်ဘူး"

Rikuနဲ့အတူ မီးခလုတ်ကိုလာကြည့်ပြီးရုတ်တရက်ပြောလိုက်တဲ့စကားကြောင့် Rikuထပ်ပြီး ကြောင်အမ်းအမ်းဖြစ်သွားပြန်တယ်။

"ငါလဲ မသိချင်ဘူး မင်းဟာမင်း ဘာပဲလုပ်လုပ် ငါနဲ့မဆိုင်ဘူး"

သူတို့နှစ်ယောက်ရဲ့ပုံစံက ရည်းစားဟောင်းတွေပြန်တွေ့နေကြသလိုပဲ။နှစ်ယောက်လုံးအသံက အေးတိအေးစက်နဲ့ ကိုယ်အမူအရာတွေကလဲ ဟိုပစ္စည်းကိုင် ဒီပစ္စည်းကိုင်နဲ့ ကသိကအောင့်ဖြစ်နေကြတယ်။

"မင်းအဆင်မပြေရင် မီးလုံးကို ဖြုတ်ထားလိုက်ပါလား"

"ရတယ် ဒီတစ်ညတော့ ဒီအတိုင်းထားလိုက်"

Rikuလဲ ဘာမှဆက်ပြောစရာမရှိတော့ဘူး ထင်လို့ ဝရံတာတံခါးဆီ လျှောက်သွားလိုက်တယ်။တံခါးနားရောက်မှ ပြောစရာစကားပေါ်လာတာမို့ လှည့်ပြီး ပြောလိုက်တယ်။

SILENCEWhere stories live. Discover now