ကျန်းလီက သူမလက်ထဲက အရာကိုမြင်တော့ အံ့သြသွားတယ်။ သူကချက်ချင်း မျက်မှောင်ကြုံ့ကာ ခေါင်းခါပြီးပြောတယ်။ "မဖြစ်နိုင်ဘူး ကျွန်မ အဲဒါကို ဝယ်လိုက်ပြီးထဲက ကျွန်မလက်ထဲမှာပဲရှိနေခဲ့ပြီး ထိတောင်မထိထားဘူး ဒါဘယ်လိုဖြစ်သွားသလဲဆိုတာ ကျွန်မ မသိဘူး"

"အထင်လွဲနေတာ တစ်ခုခု ရှိနေတာများလား"

ကျီရှုးရန်က အနားလျှောက်လာရင်း ကျန်းလီအပေါ် သံသယစိုးစဥ်းမျှမရှိတဲ့အပြင် စိုးရိမ်ပူပန်နေဟန်ဖမ်းရင်း မေးတယ်။

"ဒီဦးရစ်တန်ဆာမှာ ပြဿနာတစ်ခုခုရှိနေတာလား မဟုတ်ရင် လီအာ အလိမ်ခံလိုက်ရတာများလား"

တုန်အာက အလျင်အမြန်ဘဲ ဝင်ပြောတယ်။

"ဘယ်လိုဖြစ်နိုင်မှာလဲ မမလေးက 'ကျီရှန်းလို့' ကိုသွားပြီး သခင်မလေး ၃အတွက် မွေးနေ့ လက်ဆောင်ကို ကိုယ်တိုင် သေချာရွေးပေးခဲ့တာ...အဲ့ဒါက ငွေတုံး၄၀၀တောင်ကျတယ်..ပြီးတော့ ကျီရှန်းလို့ရဲ့ ရတနာတွေမှာ ဘယ်လိုလုပ် ပြဿနာရှိနေနိုင်မှာလဲ"

အဲ့ဒါကို တကယ်လည်း 'ကျီရှန်းလို့'က ဝယ်ခဲ့တာလေ..။ ဧည့်သည်တွေ အကုန်လုံးက ကျန်းလီကို အမျိုးမျိုးသော အမူအရာတွေနဲ့ ကြည့်လိုက်ကြတယ်။ ပထမဆုံး ကျန်းလီက ကျန်းယို့ရောင်ကို လက်ဆောင်ပေးဖို့ ငွေတုံး၄၀၀တောင် သုံးခဲ့တာကတော့ တကယ်ရက်ရောတာပဲ။ ဒုတိယအနေနဲ့ ကျန်းအိမ်တော်က ကျန်းလီကို မျှတစွာဆက်ဆံခဲ့တယ်ဆိုတာ ညွှန်ပြနေတယ်။ ကျန်းလီမှာက အတော်ကောင်းတဲ့ ငွေကြေးအရင်းအနှီးရှိသေးတယ်ဆို​ေတာ့။ ရုံးတော်စိစစ်ရေးမှုူးက ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ စောဒကမတက်ခဲ့ဘူး။

"ဦးရစ်တန်ဆာပြဿနာက လိမ်နေတာ မဟုတ်ဘဲ အဲဒါက အကုန်အကောင်းဆိုရင် သူ့ဟာသူတော့ အဲ့လိုခြစ်လို့မရဘူးလေ

ပြန်ပြောရရင် အဲ့ဒါက ဓားနဲ့ ခြစ်ထားတာ အရှင်းကြီးပဲ"

ကျန်းယွီအာက ရုတ်ခြည်း ထပြောတယ်။

"ဒုတိယမမက တတိယမမကို မကြိုက်ဘူးဆိုရင်တောင် ဒီလိုရတနာတစ်ခုကိုတော့ အကြောင်းမရှိ ဖြုန်းတီးဖို့ မလိုဘူးလားလို့"

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းDonde viven las historias. Descúbrelo ahora