Part-5(uni+zawgyi)

296 8 0
                                    

Uni ver

မင်းဇေယျဘက်တွင်

မနက်မိုးလင်းနိုးနိုးချင်းစားပွဲပေါ်ကဖုန်းကိုယူကြည့်ပြီး ဟိုကလေးမလေးလိုင်းတက်နေတာတွေ့တော့ လက်ကအလိုလိုပင်စာပို့မိသွားတယ်

"သက်သာလား"

"ဟုတ်သက်သာပါတယ် "

"ဟုတ်ပြီ ဂရုစိုက်ဦး"

မင်းဇေယျလည်း စာပို့ပြီးတာနဲ့ ရေချိုးလိုက်ပြီး မနက်စာစားဖို့ပြင်ဆင်တော့တာပေါ့
......
မနက်စာစားပြီးနောက်
မင်းဇေယျလည်း သူ့အလုပ်ကိစ္စတွေရှုပ်နေတာနဲ့ အိမ်မပြန်ဖြစ်ပဲတိုက်ခန်းမှာနေတာကြာပြီမလို့ မေမေတို့ဆီထွက်လာခဲ့တယ်

"သဲရေ ဟိုကောင်ပြန်လာတာလား"

"ဟင် ကိုရယ် ပေါက်ကရပြောပြန်ပြီ သွားကြည့်လိုက်ဦးမယ်"

"အယ် ဟုတ်ပါ့ သားပြန်လာတာကိုရေ"

ခြံတံခါးကိုလည်းကို့ဘာသာကိုဖွင့်ရတာပေါ့

အမေနဲ့အဖေကတော့ ပြန်လာတာကိုအထူးအဆန်းလုံးပြီး အိမ်‌ရှေ့မှာရပ်ကြည့်နေတာ

"သားပြန်လာတာထူးဆန်းလို့လား"

"သိပ်ထူးဆန်းတာပေါ့ကွ"

"လာပါအိမ်ထဲ၀င်ရအောင်"

မေမေရဲ့ပြေားကားကြောင့်သားဖနှစ်ယောက်လုံးအိမ်ထဲ၀င်လိုက်ကြတယ်

"မင်းကလည်း company ကိုလွှဲပေးလိုက်ကတည်းကအိမ်ကို ပြန်မရောက်လာတော့တာ"

"သားအလုပ်ရှုပ်နေလို့ပါအဖေကလည်း"

"သား မပြန်ဘူးမလားဒီနေ့"

"ဟုတ်"

"မေမေရှယ်ချက်ကျွေးမယ်"

"ဟုတ် မေမေ"

မင်းဇေယျ အမေကတော့သူ့သားကိုချက်‌ကျွေးဖို့ ရေခဲသတ္တာထဲမှာအသင့်ရှိတဲ့ပုဇွန်တုတ်ကိုထုတ်ပြီချက်ဖို့ပြင်ဆင်တော့တာပေါ့

.......

"မင်း company အခြေနေ"

"ကောင်းပါတယ် အဖေ ဒါနဲ့သားသင်တန်းတစ်ခုဖွင့်ချင်တယ်"

"မင်းအလုပ်နှစ်ခုနိုင်ရင်လုပ်ပေါ့ကွာ"

"ဟုတ် သားလူရှာပြီးပါပြီ အလုပ်နှစ်ခုဆိုတော့ငွေပို၀င်တာပေါ့"

Can I Get A Kiss(Complete)Where stories live. Discover now