Uni ver
အချိန်အားဖြင့်ညနေ6နာရီ"သွားရအောင် သိပ်နောက်ကျရင်မနေရဲဘူး"
"ဟုတ်ပြီလေ သွားရအောင်"
တကယ်တော့ ဧကရီကော မင်းဇေယျကောပင်ပန်းနေပြီ ဒါပေမယ့် မပင်ပန်းတာ ကြယ်စင်တို့အတွဲ
ကားပေါ်မှာလဲ ဘာစကားမှမပြောဖြစ်ကြ ဧကရီတို့ဒီလိုအခြေအနေမှာပဲရပ်တန့်နေတော့မယ်ထင်တယ်
"ဧကရီ"
ကိုကြီးကဧကရီ့နာမည်ခေါ်လိုက်တာလား
ကိုကြီးကိုဧကရီလှည့်ကြည့်လိုက်ပြီး
"မပင်ပန်းဘူးလား ဟိုအတွဲနောက်လိုက်ရတာ"
"ဘာလို့တုန်း အဆင်ပြေပါတယ် သူတို့နောက်လိုက်ရတာလည်း"
"ဒီတိုင်းမေးကြည့်တာပါ အကိုတော့ပင်ပန်းနေပြီ"
"အဲ့တာသူများအတွဲနောက်လိုက်ရတာမလို့ပါ"
ဧကရီနဲ့ကိုကြီး စကားအနည်းငယ်တော့ပြောဖြစ်သွားတာပေါ့ ဘယ်လိုပဲဖြစ်ဖြစ် ဧကရီကျေနပ်တယ် ဒီလိုစကားစပြောမှာကိုဧကရီကစောင့်နေခဲ့တာလေ
.....
ညဈေးကိုရောက်လာပါပြီ
ညဈေး ၀င်၀င်ချင်းမှာ ပဲ တွေ့လိုက်ရတဲ့ မုန့်သိုင်းခြုံသည်ဆီကိုကြယ်စင်အပြေးသွားတော့နောက်နေ သူ့ချစ်ချစ်ကလိုက်ရတာပေါ့ ကြယ်စင်စားချင်တာတွေကို ကိုသန့်က၀ယ်ကျွေးနေရပါပြီ
ဧကရီ လည်းကိုသန့်တို့ကိုကြည့်ရင်းအားကျလို့ပေါ့
ရတီကတော့ပင်ပန်းလို့သူကောင်လေးနဲ့ဖုန်းပြောရင်းကားပေါ်မှာကျန်ခဲ့လေရဲ့
ကြယ်စင်ကတော့မမောနိုင်မပန်းနိုင်နဲ့ ကိုသန့်လက်ကိုဆွဲကာ မုန့်ဆိူင်တစ်ဆိုင်ပြိးတစ်ဆိုင်သွားနေတော့တယ်
ဧကရီနဲ့ကို မင်းဇေယျကတော့ လမ်းလျှောက်ရင်း ဆိုင်တွေကိုလျှောက်ကြည့်နေတာပေါ့
"ဧကရီ ဘာမှမစားဘူးလား"
"ဟုတ် ခေါင်းနောက်နေလို့ ဘာမှစားချင်ဘူးဖြစ်နေတာ"
"ပြန်မလား ကို လိုက်ပို့မယ်လေ"
"ရပါတယ် သူတို့အတွဲနဲ့မှအတူတူပြန်လိုက်မယ်"
YOU ARE READING
Can I Get A Kiss(Complete)
Romanceအသက်၈နှစ်ကွာတဲ့အကိုကြီးကိုကောင်မလေးဘက်ကစပြီးကြိုက်မိတဲ့အခါ....