Uni ver
မကြယ်စင်တို့ကကစားကွင်းရှိတဲ့ပန်းခြံကြီးထဲကို၀င်သွားတော့ ဧကရီတို့ကားလည်း လိုက်သွားရတာပေါ့
ကားပေါ်မှာလည်းတစ်လမ်းလုံးတိတ်ဆိတ်လို့
ဧကရီလည်း မပျော်တော့ပါ ကိုကြီးက အရမ်းတည်လွန်းတယ်
ကားပေါ်ကနေဒီတိုင်းဆင်းသွားပြီး နောက်ကနေကိုကြီးကလိုက်လာတယ်
"ဟေ့ကောင်ဇေယျာ အဆင်ပြေလား"
"ပုံမှန်ပဲ"
"အေးပါကွာ မင်းကလည်းတည်လွန်းနေတယ်"
"ဟ"
မင်းဇေယျာနဲ့ကိုသန့်တို့စကားပြောနေတုန်း အနောက်မှာ ကြယ်စင်ရယ် ရတီရယ် ဧကရီကတော့စကားပြောရင်းလမ်းလျှောက်လာကြတယ်
"ဧကရီအခြေနေ"
"ကိုကြိးကချေတယ်"
"ဟယ် နင့်ကိုစကားပြန်မပြောလို့လား"
"ငါ့ကိုစကားစမပြောလို့"
"အဲ့တော့နင်တို့ကားပေါ်မှာဘာစကားမှမပြောကြဘူးပေါ့"
"ဟုတ်တယ်"
"နင်ကလေ"
မကြယ်စင်ကဧကရီတို့အရှေ့ကကိုသန့်တို့ဆီကိုပြေးသွားလိုက်တယ်
"ကိုကို.."
"ဗျာ့"
"ဘာတွေပြောနေကြတာတုန်း"
"ဒီတိုင်းပါပဲဗျာ"
"ဟုတ်ပါပြီ "
ကိုသန့်ရယ် မကြယ်စင်ရယ်ကတော့လမ်းလျှောက်ရင်းစကားပြောနေကြတုန်းမင်းဇေယျာကဖိနပ်ကြိုးပြုတ်သွားလို့ ချည်နေရင်းနောက်မှာကျန်ခဲ့တာပေါ့
ဧကရီနဲ့ရတီလည်းစကားပြောရင်းလာတော့ ရှေ့ကကိုဇေယျာ့ကိုမမြင်ပဲဧကရီတိုက်မိသွားတယ်
ကိုဇေယျာ့ရဲ့ဘောင်းဘီမှာ ဧကရီ့ဖိနပ်အရာကြီး
''အယ် sorry sorry"
ရတီကတော့ရီနေတာပေါ့ ဧကရီမျက်နှာပူပြီး ခေါင်းကြီးငုံ့လို့
အသံတွေကြားမှပဲနောက်ကိုပြန်ရောက်လာတဲ့အတွဲကလည်း
"ဘာဖြစ်ကြတာတုန်း"
CZYTASZ
Can I Get A Kiss(Complete)
Romansအသက်၈နှစ်ကွာတဲ့အကိုကြီးကိုကောင်မလေးဘက်ကစပြီးကြိုက်မိတဲ့အခါ.... Normal fic Zawgyi+Uni