"ဟင်း....ဒီကိစ္စကို မေမေတို့အပြင်ဘယ်သူမှမသိတာအ
ကောင်းဆုံးပဲ...ပိုပြီးအရေးကြီးတာက မြေးမိန့်ပဲ"

"မေမေရဲ့မြေး မင်းအမိန့်စည်းက အသက်က လူရာမဝင်သေး
ဘူး...ပြောတဲ့စကားတွေကကြီးကြီးကျယ်ကျယ်၊ မာနကဖြင့်
မိုးထိုးလို့...လူကြီးကိုလူကြီးမှန်းမသိရိုင်းစိုင်းနေတာ...ဒီကိစ္စ
သာသိကြည့်ပါလား...အယူသီးတယ်ဒီကိစ္စတွေမယုံဘူးဆိုပြီး
ပန်းရုံတို့ကို နေစရာမရှိအောင်ကိုပြောမှာ...ပြီးရင် တိမ်လွှာ
ကိုလည်း အလိုလိုနေရင်းမျက်မုန်းကျိုးနေတာ..တိမ်လွှာက
ဘယ်လောက်တောင်သနားဖို့ကောင်းလဲ..သူ့ရဲ့အမုန်းတွေခံ
ရင်း သူ့ရင်သွေးပါအနစ်နာခံပြီးမွေးပေးဦးမှာ...အဲ့ကြားထဲ
သူ့ရဲ့ယောက်ျား သခွပ်ရိုးသာ မိန်းကလေးမွေးကြည့်ပါလား
ဆပ်ဆပ်ကိုခါနေမှာ....သြော် ဒါနဲ့မေမေ"

ပြောချင်တာပြောဆိုပြီး အားရပါးရပြောနေပြီးမှ ရုတ်တရက်
သတိရလိုက်သူနှယ် သခင်မကြီးအနားကို ပိုတိုး၍ လေသံ
ခပ်ဖိဖိအသံဖြင့်....

"ဒီပုံစံအတိုင်းဆို သခွပ်ရိုးက ကြာသပတေးနာမ်မဖြစ်နိင်ဘူး
သူပုံစံကလေ ကိုယ်ဝန်ရှိလာရင်တောင် မိန်းကလေးမွေးမဲ့
ပုံစံမျိုးနော်...မေမေ အဲ့ဒါအခုတည်းက ဒီကိစ္စတွေစီစဉ်ထား
မှဖြစ်မယ်...သူဇာကလည်း သူသမီးတစ်ယောက်ကိုရင်းပြီး
ငြိမ်ငြိမ်လေးနဲ့ပြီးသွားမှာမဟုတ်ဘူး"

"ရော့ ပတ္တမြား...ရော့ နဂါးပေါ့၊ တိမ်လွှာက ထိန်းရတာပြသ
နာတော့မရှိပါဘူး...အဓိက ပြသနာက"

"အဟင်း မင်းအမိန့်စည်းကိုမလား...သခွပ်ရိုးသာ ရှင်မှုန်း
နံ့သာလိုမျိုး ထပ်ဖြစ်လို့ကတော့ အမလေး မေမေ့မြေးကလေ
မိုးကောင်းကင်ပေါ်တတ်ပြီး မီးနဲ့ရို့မှမေမေ..မီးနဲ့ရို့မှာ..ပန်းရုံ
တော့ တွေးရင်းနဲ့ဖြစ်လာမဲ့ပြသနာတွေကြောက်နေမိပြီ"

နောက်ဆက်တွဲ ဖြစ်ပျက်လာမည့်ကိစ္စတွေကို စဉ်းစားရုံနဲ့တင်
ခေါင်းတွေပင်မူးကိုက်လို့ ကြက်သီးပင်ဖြန်းခနဲ့တောင် ထမိ
သွားလေသည်။ဒေါ်မြတ်ပန်းရုံမှာလည်း သခင်မကြီးအားကိုး
နဲ့သာ လေကျယ်အသံကောင်းဟစ်နေရပေမဲ့ မင်းအမိန့်စည်း
သာတကယ်ကြီး ထသောင်းကျန်းရင် သူလည်းနေစရာပင်
ပျောက်ရမည်။ အမိန့်ရဲ့ ဒေါသကို သခင်မကြီးတောင်ထိန်းမရ
တာ သူကိုဆို မင်းအမိန့်စည်းက သူပစ္စည်းရဲ့အမွှေးကြား
တောင်ညှပ်မှာမဟုတ်ပေ။

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)Where stories live. Discover now