Part-4(uni+zawgyi)

Start from the beginning
                                    

"အဆင်ပြေလို့လား ခရီးပမ်းနေတဲ့ဟာကို ကိုပြန်လိုက်ပို့မယ် အပန်းမကြီးဘူး"

"ရပါတယ် တိုက်ခန်းမှာညမတစ်ယောက်တည်းကြောက်လို့ သူတို့နဲ့မှပြန်လိုက်မယ်"

"ကိုစောင့်ပေးမယ် လာ ရောဂါမရှာနဲ့တော့"

"သူတို့ကိုပြောလိုက်ဦးမယ်"

"ထားလိုက်လည်ပါလေ့စေ လည်လို့၀ရင်ဖုန်းဆက်‌လိမ့်မယ်"

"ဟုတ်"

ဧကရီလည်းမင်းဇေယျပြောတဲ့အတိုင်း တိုက်ခန်းကိုပြန်ခဲ့လိုက်တာပေါ့

.......

တိုက်ခန်းထဲမှာတော့မင်းဇေယျရယ် ဧကရီရယ်

"အားနာလိုက်တာ ဘာမှလည်းကျွေးစရာမုန့်မရှိဘူး ဟဲ"

"ရပါတယ်"

ဧည့်ခန်းထဲမှာတီဗီကြည့်ရင်း ဧကရီနဲ့မင်းဇေယျစကားတွေပြောဖြစ်နေကြတုန်း

📞📞📞

‌တွေ့လား ‌ဟိုကောင်ဆက်ပြီ

ဧကရီကိုဖုန်းထောင်ပြလိုက်ပြီး ခနဲ့ရယ်ရင်းဖုန်းကိုကိုင်လိုက်တယ်

"ပြော"

"မင်းတို့ဘယ်မှာတုန်း"

"ဧကရီတို့တိုက်ခန်းမှာ"

"ဟိတ်ကောင် ဟိုကငယ်သေးတယ်နော်"

"မင်းမေကြီးတော် ‌ ဘာတွေတွေးနေတာတုန်း နေမကောင်းလို့စောင့်ပေးနေတာ  မြန်မြန်ပြန်လာလိုက်တော့"

"အေးအေး"
📞📞📞

ကြယ်စင်တို့ဘက်တွင်

"သူတို့ဘယ်မှာတဲ့တုန်းကိုကို"

"တိုက်ခန်းမှာတဲ့ဧကရီနေမကောင်းလို့အဲ့မှာစောင့်ပေးနေတယ် မြန်မြန်လာတဲ့"

"အော် ပြန်ရအောင်လေ အဲ့တာဆိုလည်း"

"ဟုတ်ပါပြီဗျာ"
.....

ကြယ်စင် ရယ် ကိုသန့်ရယ် ရတီရယ် လည်း ပြန်ရောက်လာကြပါပြီ

အခန်းထဲမှာတော့
ဧကရီအိပ်ပျော်နေတာကိုမင်းဇေယျကထိုင်ကြည့်နေတာပေါ့

တံခါး bellသံ ကြားတော့‌မင်းဇေယျလည်းထဖွင့်ပေးလိုက်တယ်

ပျော်ပျော်ရွှင်ရွှင်နဲ့ ၃ယောက်သား၀င်လာကြပါပြီ

Can I Get A Kiss(Complete)Where stories live. Discover now