ကျွန်တော့ ကလေးမေမေ
Unicode
နှာခေါင်းစည်း အထပ်ထပ်တပ်ပြီး ဒူးရင်းသီးကို မခွဲတက်ခွဲတက်ခွဲနေတဲ့ ရိုးဂုဏ်။
"ဒီဒူးရင်းသီးစားချင်တာကိုပဲ ပြောပေါ့ညရယ်။ ဘာဖြစ်လို့ သက်သေမယ်တွေ ဘာတွေဖြစ်ကုန်တာလဲ နားကိုမလည်ဘူး"
"အဲ့တာကြောင့် ကျုပ်ပြောတာ ရိုးဂုဏ်က ကျုပ်ကို နားမလည်ပါဘူးလို့။"
"ဟောဗျာ ... ကဲအခု ည ဆန္ဒအတိုင်း ကိုယ် ကိုယ်တိုင် ဒူးရင်းသီးခွဲကျွေးနေပြီလေ ဒါကို ဘာလို့ အကန်တွေပြောနေပြန်တာတုန်း။ ညက တကယ်ကလေးလိုပဲ"
"တွေ့လား ခင်ဗျား ... ကျုပ်ကို အပြစ်မြင်နေတာ အဲ့တာကြောင့် မပြောချင်တာ"
"ဟုတ်ပါပြီ ... ကိုယ်မှားတာ ဟုတ်ပြီလား။ ဒူးရင်းသီးလေးစားပြီး စိတ်ပြေလိုက်တော့။"
ရိုးဂုဏ်က သူခက်ခက်ခဲခဲနွှာထားတဲ့ ဒူးရင်းသီးအမွှာလေးကို ညမိုးပါးစပ်ထဲအရောက်ခွံကျွေးရင်း ချော့နေရတယ်။
ကိုယ်ဝန်ရှိမှ အငိုသန်လေးဖြစ်လာတဲ့ ညမိုးက တစ်ခုခုဆို မျက်ရည်က အရင်ဝဲတက်လာသည်။
ရိုးဂုဏ်မှာ ညမိုးစိတ်အခြေအနေကို လိုက်မီအောင် မနည်းကြိုးစားနေရသည့်အဖြစ်။
အခုတော့ လုပ်ချင်တာလုပ်ရလို့ ညမိုးကျေနပ်သွားသည်ဖြစ်ရမည်။ ညမိုး မျက်နှာလေးက ပြန်လည်ရွှင်းလန်းလာလေပြီ။
ရိုးဂုဏ်ကတော့ အခြေအနေမကောင်းပေ။
သူတော်တော်လေး မူးဝေပြီးအော့အန်ပစ်ချင်နေပြီ။
"ရိုးဂုဏ် ... ကျုပ်အဆင်ပြေသွားပါပြီ။ ရိုးဂုဏ် ... အခန်းပြန်ပြီးအနားယူလိုက်ပါ။ ကျုပ်လည်း အရင်က ရိုးဂုဏ်လိုဖြစ်ခဲ့ဖူးလို့ ကိုယ်ချင်းစာပါတယ် ပြီးတော့ တောင်းပန်ပါတယ်။"
"ရတယ်။ ကိုယ်ခဏနားလိုက်ရင်ကောင်းသွားမှာ"
တကယ်တော့ နောက်တစ်နေ့မှာ ရိုးဂုဏ် ရုံးမတက်နိုင်ခဲ့ဘူး။
မနက်ခင်းထိ သူ့ရင်ထဲတလပ်လပ်နဲ့ ခေါင်းတွေလည်းမူးနေတာကြောင့် ဆေးသောက်ပြီး အိပ်နေခဲ့ရတယ်။
YOU ARE READING
ကျွန်တော့ ကလေးမေမေ (2024){Complete}
RomanceMyanmar BL Fiction (Own Creation) Start Date - 11.02.2024//00:18AM(Sun) End Date - 25.04.2924//09:59AM(Thu) Written by G-GYIN