အခန်း ၂၈၄ + ၂၈၅( မင်းတို့အားလုံး အမှိုက်လိုကောင်တွေချည်းပဲ...)

Start from the beginning
                                    

လင်ချူရွယ် ထိတ်ထိတ်ပျာပျာဖြင့် ...

"ရှုချန်း မြန်မြန်သွားတော့..."

ထို့အပြင် ဘုရင်မကြီးက ...

"ဟွာရှမှာ တရားဝင်ဖြစ်တဲ့ မင်းရဲ့လက်ထပ်စာချုပ်ကို ငါတို့နိုင်ငံမှာ အသိအမှတ်မပြုဘူး... နီကိုးလ်က ငါ့နိုင်ငံသား ဖြစ်နေတုန်းဆိုတော့ ငါ့ရဲ့မြေးတော်မင်းသားနဲ့ လက်ထပ်ပေးမယ်လို့ ငါကြေညာလိုက်မယ်..."

မင်းသား ဝေလ် စိတ်လှုပ်ရှားသွားကာ ရင်ကိုကော့၍ မတ်မတ်ရပ်လိုက်၏။ သူ၏ နောက်တွင် ဘုရင်မကြီးဖြစ်သော အဘွားတစ်ယောက်လုံး ရှိနေပြီဖြစ်၍ မည်သည့်ပြိုင်ဘက်ကိုမှ မကြောက်ရွံ့တော့ချေ။

ထိုစကားကိုကြားသောအခါ ရှုချန်း နှာတစ်ချက်ရှုံ့လိုက်ပြီး နောက်သို့ ပြန်လှည့်၍ လင်ချူရွယ်ကို သူ့နောက်သို့ ထားလိုက်သည်။ ထို့နောက် အရှေ့တည့်တည့်မှ မင်းသား ဝေလ် ကို စူးစူးရဲရဲ စိုက်ကြည့်ပြီး ...

"မင်းက ငါ့မိန်းမကို ခိုးချင်တာလား... မင်းတို့ထဲမှာ ဘယ်သူအရည်အချင်းရှိလဲ... လာစမ်းပါ..."

ရှုချန်းကို သည်းခံခဲ့သည့်အတိုင်းအတာ ကျော်လွန်သွားသော ဝေလ် က ရှေ့သို့တက်လာပြီး ...

"အထက်တန်းကျောင်းတုန်းက မင်း ငါ့ကိုထိုးခဲ့တာ မှတ်မိသေးလား..."

"သိပ်မှတ်မိတာပေါ့... မင်းကိုတင် ထိုးခဲ့တာမကဘူး... ဒီလူအုပ်ကြီးထဲက နီကိုးလ်အကြောင်း တွေးနေတဲ့ လူကြီးလူကောင်းတွေကိုပါ ငါထိုးခဲ့တာ... ငါ့လက်သီးလေး မြည်းဖူးရင် တစ်ချက်လောက် လက်ထောင်ပြစမ်းပါဦး... "

ထိုစကားကြောင့် အားလုံးက ရှုချန်းကို ဒေါသတကြီး စိုက်ကြည့်လိုက်ကြ၏။

ထိုအထဲမှ အများစုမှာ ယခင်အချိန်တုန်းက လင်ချူရွယ်နှင့်လက်ထပ်ရန် အကြံအစည်ရှိခဲ့သူများ ဖြစ်သည့်အတွက် ရှုချန်း လက်ဆကို ကောင်းကောင်း မြည်းစမ်းဖူးသူများ ဖြစ်ကြသည်။

တစ်ဦးမှ လက်မမြှောက်ဘဲနေသည်ကို မြင်သောအခါ ရှုချန်း လှောင်ရယ် ရယ်လိုက်ပြီး ...

"ကြည့်စမ်းပါဦး... ပြောတော့ မြင့်မြတ်တဲ့သူတွေဆို... အခုတော့ အရင်ကလုပ်ခဲ့တဲ့ ကိစ္စတွေကိုတောင် ဝန်ခံဖို့ သတ္တိမရှိဘူး... မင်းတို့ကိုကြည့်ရတာ ကြောက်လို့ အခွံထဲမှာပုန်းနေတဲ့ လိပ်တွေလိုပဲ..."

နတ်နဂါးစစ်သည်Where stories live. Discover now