အပိုင်း-၂၁

2.9K 448 25
                                    

အပိုင်း-၂၁


မနေ့ညကအခြေအနေအကြောင်းအရာတွေနှင့် မထင်မှတ်ထားသည့်ကိစ္စတွေကြောင့် သမ္ဘာသည် တစ်ညလုံးလည်း ကောင်းကောင်း အိပ်မပျော်ခဲ့။ ဒီမနက်တွင်တော့ ကိစ္စအားလုံးကို သိရမှ ဖြစ်မည်ကြောင့် အဖေနှင့်အမေ၏ အိပ်ခန်းအား တံခါးလာခေါက်ပေမယ့် တုံ့ပြန်သူလည်းမရှိသည်ကြောင့် အခန်းတံခါးကို ဆွဲဖွင့်လိုက်တော့လည်း မည်သူမှ မရှိ။ အောက်ထပ်ဆင်းပြီး စာကြည့်ခန်းဘက်အရောက်တွင်တော့ ဟနေသည့် တံခါးမှ တစ်ဆင့် ဦးဘုန်းမြင့်မိုရ်ကို မြင်လိုက်တော့ သူ တံခါး ခေါက်ကာ အသံပေးပြီး ဝင်လာခဲ့လိုက်သည်။

ဦးဘုန်းမြင့်မိုရ်က မှန်ပြတင်းတွေနားတွင် မတ်တပ်ရပ်လျက် ခြံထဲကို ငေးကြည့်နေသည်။

"ကျွန်တော့ကို ရှင်းပြဖို့လိုပြီလို့ မထင်ဘူးလား"

သမ္ဘာ့ အသံကြောင့် လှည့်ကြည့်လာသည့် မျက်ဝန်းတွေထဲ ဗလာနတ္တိ။ မနေ့ကအထိ တင်းမာနေခဲ့သည့် အတ္တတွေ၊မာနတွေ ဘာကိုမှ မတွေ့ရ။

"မင်းကို မွေးခဲ့တဲ့ အမေနဲ့ငါက မိဘတွေပေးစားလို့ ယူခဲ့ကြတာ။ အိမ်ထောင်ရေးမှာ အချစ်မရှိခဲ့ပေမယ့် နားလည်မှုနဲ့ အဆင်ပြေခဲ့တယ်"

ဦးဘုန်းမြင့်မိုရ်က ချစ်သူရည်းစားဆိုသည့်ကိစ္စမျိုးကို စိတ်ဝင်စားခဲ့တာမျိုး မရှိဘဲ အရွယ်ရောက်တော့ အိမ်က စီစဉ်ပေးသည့်သူနှင့် သာလက်ထပ်ခဲ့သည်။သို့သော်လည်း အိမ်ထောင်သက်က မကြာရှည်လိုက်။ သမ္ဘာ့ကို မွေးပြီးပြီးချင်း ဇနီးဖြစ်သူက ဆုံးပါးသွား ခဲ့သည်။ ကလေးတစ်ယောက်အဖေ မုဆိုးဖို ဖြစ်ပေမယ့် စီးပွားရှာနိုင်ပြီး ရုပ်ရည်ခန့်ညားသည့် သူ့အတွက် လိုချင်သူများစွာ ရှိသော်ငြား စိတ်မဝင်စားခဲ့ပါဘဲနှင့် ဦးဘုန်းမြင့်မိုရ်သည် ဒေါ်ပိုးဥနွယ်ကို စတွေ့မိစဉ်တွင် သမ္ဘာလေးနှစ်သားခန့်ရှိပြီဖြစ်သည်။ ချိုသာအေးဆေးသည့် အသံလေးဖြင့် သိပ်ကိုကျော့ရှင်းလှပလွန်းသည့် အမျိုးသမီးကို မြင်မြင်ချင်း သဘောကျမိပြီဆိုကာမှ ထိုအမျိုးသမီးသည် မိန်းမစစ်စစ် မဟုတ်ဘဲ လိင်ပြောင်းတစ်ယောက် ဖြစ်ကြောင်း ချစ်ခွင့်ပန်ကတည်းက ပြောပြခဲ့ရှာသည်။

ချစ်အတွက် မနက်ဖြန်Where stories live. Discover now