အပိုင်း-၈

3K 493 66
                                    

အပိုင်း-၈

"အဲ့ဒီတော့ မင်း မနေ့က ခွင့်တိုင်တာ ကိုသမ္ဘာကြောင့်ပေါ့"

"အင်း."

ရေးရီက စားလက်စကိုလည်းမပြတ်စေရဘဲ ဖြေသည်။ ချောကလက်ကိတ်ကို တစ်ဖဲ့ချင်းစီဖဲ့လျက် ပါးစပ်နှင့်အပြည့် အားရပါးရ စားနေသည့် ရေးရီကိုကြည့်ကာ ဝေဖြိုးက ခေါင်းတညိတ်ညိတ်ဖြင့်။

"မင်း အစားတော့ တော်တော်မက်တာပဲ။ ဒါတောင် ခန္ဓာကိုယ်က ဝမလာဘူး။ ငါ့မှာ နည်းနည်းလောက်စားလိုက်ရင်ကို ဝိတ်က ချက်ချင်းတက်ရော"

ဝေဖြိုးက နာမည်နှင့်လိုက်အောင်ပင် အမှန်ကို ပြည့်ပြည့်ဖြိုးဖြိုးလေးဖြစ်သည်။အရပ်ကလေးက ရှည်လို့ ပုလုံးလုံးလေးတော့ ဖြစ်မသွားချင်သာ။ရေးရီက စားသလောက် မဝတတ်သည့်အမျိုး။ပိန်တာမျိုးလည်း မဟုတ်သလို ခပ်ပြည့်ပြည့်လည်း ဟုတ်မနေဘဲ အနေတော်လေးဖြစ်သည်။

"မင်းကို gym ကစားလို့ပြောသားပဲ"

"အံမာ ငါတစ်ယောက်တည်းပျင်းလို့ မင်းကိုခေါ်တော့ မင်းလည်း ဘာထူးလဲ။ တစ်လတောင် မပြည့်လိုက်ဘူး ငါတို့"

ရေးရီက သဘောကျစွာရယ်သည်။ နှစ်ယောက်သား gym ကစားမည်ဆိုကာ ညနေရုံးဆင်းချိန်ဘက် သွားကြပေမဲ့ ရက်မမှန်၊ အချိန်မမှန်ဖြင့် နောက်ဆုံး မသွားဖြစ်ကြတော့။ နှစ်ယောက်လုံးက gym မှန်မှန်သွားရမည်ကိုလည်း ပျင်းတတ်ကြသေး၏။ ရေးရီ ကတော့ သမ္ဘာကဲ့သို့ ခန္ဓာကိုယ်အချိုးအစားမျိုးရအောင်လုပ်မည်ဆိုသည့် စိတ်ဖြင့် သွားပေမယ့် စိတ်ဓါတ်က ကြံ့ကြံ့မခိုင်တော့ လည်း ခက်ပေးသားမလား။

"ညဘက်က ဖြူနုငယ် ဖုန်းဆက်သေးတယ်။ ဒီညနေ club သွားကြရအောင်တဲ့"

"သူ့မှာ သူငယ်ချင်းမရှိလို့လား။ညနေစာ ကျွေးချင်တာနဲ့.. နေ့လယ်စာကျွေးချင်တာနဲ့ ခုကျ ဟိုသွားရအောင် ဒီသွားရအောင်နဲ့ "

"ငါသူ့ကို မိတ်ဆွေလိုပဲ သဘောထားတော့တယ် ပြောတာ သူ လက်ခံတယ်လေ။ အတူသွားဖြစ်ကြတဲ့အတောအတွင်းလည်း ဘာမှ စည်းကျော်တဲ့စကားတွေ အရိပ်အယောင်တွေလည်း မပြပါဘူး"

ဝေဖြိုးက တော့ ခေါင်းခါသည်။ ကော်ဖီခွက်ကို တစ်ကျိုက်လောက်အရင်မော့လိုက်ပြီးမှ ဆရာကြီးစတိုင်ဖြင့်. ရေးရီးကိုကြည့်ကာ

ချစ်အတွက် မနက်ဖြန်Where stories live. Discover now