ယန်ကျင်းက လူတွေ အားလုံးက ဒီကိစ္စကို အာ​ပေါင်အာရင်းသန်သန် ဆွေးနွေးနေကြပေမဲ့ ကျန်းသခင်မလေးနှစ် ရဲ့ လက်ထပ်မှုဟာ မတရားသဖြင့် အစားထိုးခံရမှုကို လွဲမှားတယ်လို့ ယူဆပြီး သူမဘက်ကရပ်တည်ပေးသူ တစ်ဦး တစ်ယောက်မှ မရှိခဲ့ဘူး။ အကြောင်းရင်းကတော့ သူတို့နေရာမှာ ငါတို့သာဆိုလည်း ရက်စက်ယုတ်မာတဲ့ ဒုတိယသခင်မလေး ထက် နူးညံ့နှစ်လိုဖွယ်ကောင်းတဲ့ သခင်မလေး၃ ကိုပဲရွေးမှာ ဆိုပြီး တွေးကြလို့ပဲ။

ဒီနေ့ကျန်းသခင်မလေး၃က လက်ထပ်ရမဲ့အရွယ်ရောက်သွားပြီဆိုတော့ မကြာခင်မှာပဲ သူတို့နှစ်ယောက်ရဲ့ ထိမ်းမြားမှုက လက်စသတ်လိမ့်မယ်။ ရှန်ရုယွင်တစ်ယောက် မဖြေသာနိုင်ဖြစ်နေတာကြောင့် သူ့အမေနဲ့လိုက်လာပြီး သူသဘောကျရတဲ့လူရဲ့ ဇနီးလောင်းကဘယ်လို ပုံစံရှိလဲဆိုတာ ကြည့်ချင်လို့ဖြစ်တယ်။ ဒါကြောင့်သူမက ပွဲရဲ့ အဓိကသူထက် ပိုပြီး ထင်ရှားအောင် တောက်တောက်ပပဝတ်လာခဲ့တယ်။

ပွဲလာတဲ့သူတွေအကုန်လုံးက ကျန်းယွမ်ပိုင်တို့ အကြိုက်လိုက်ကာ ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ချင်ပြီး ကျန်းယို့ရောင် ကိုလည်းမြင်ချင်ကြတာကြောင့် သူမကို အလေးပေးတဲ့အနေနဲ့ လှတယ်ဆိုရုံလောက် အရောင်သိပ်မတောက်တဲ့အဝတ်အစားတွေပဲ ဝတ်လာခဲ့ကြတယ်။

ကျီရှုးရန်လည်းပဲ ထိုသခင်မလေးရဲ့ဝတ်စားလာပုံကို မြင်ပြီး စိတ်မသာမယာဖြစ်သွားပေမဲ့ ကျန်းယွမ်ပိုင်က ထိုရှန်သခင်လေးက နယ်နယ်ရရအထင်သေးစရာမဟုတ်ဘဲ ရှန်မိသားစုကို သူတို့ဘက်ပါအောင် စည်းရုံးသိမ်းသွင်းလို့ရရင် ပိုတောင်ကောင်းသေးတယ်ဆိုတဲ့အကြောင်း ပြောထားတာကို ပြန်သတိရသွားပြီး မျက်နှာကိုပြန်ထိန်းကာ အရင်လိုပဲ ပြုံးနေတော့တယ်။

ကျီရှုးရန်နဲ့ ဆက်ဆံရေးကောင်းပြီး ကျော်ကြားတဲ့အိမ်တော်က သခင်မတစ်ယောက်ကမေးတယ်။

"အိမ်တော်က ဒုတိယ သခင်မလေးက ပြန်လာတာ ရက်အနည်းငယ်ရှိပြီဆို ဒီနေ့ဒီပွဲကို သူမတက်ဘူးလား"

ကျီရှုးရန်က ပြောလိုက်တယ်။

"သေချာပေါက် လာမှာပေါ့ ဖြီးလိမ်းပြင်ဆင်နေတာ မပြီးသေးလို့နောက်ကျနေတာ ဖြစ်ပါလိမ့်မယ်"

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now