အပိုင်း ၂၆၈ +​၂၆၉ + ၂၇၀( ဒီအချိန်မှာတော့ သေးပေါက်ချင်တာပဲ သိတယ် )

Start from the beginning
                                    

နောက်ဆုံး အစောင့်ကို ရှင်းလင်းပြီးချိန် သေနတ်သံတစ်ချို့ ထွက်လာပြီး ရှုချန်းထံ ကျည်ဆန်တစ်ချို့ ပြေးဝင်လာကြ၏။ သေနတ်သံများက ည၏ တိတ်ဆိတ်ငြိမ်သက်မှုကို ဖြိုခွင်းလိုက်ပြီ ဖြစ်သည်။

ရှုချန်းလည်း သူ့ထံ ပြေးဝင်လာသည့် ကျည်ဆန်သုံးတောင့်ကို ဘယ်ညာယိမ်းနွဲ့ ရှောင်တိမ်းပြီး ညအမှောင်ထဲ ချက်ချင်း တိုးဝင်လိုက်လေ၏။

တစ်ညတည်း အစောင့် ၅၀ ကျော်ကို သတ်ဖြတ်ကာ ကျည်ဆန်များကို ရှောင်တိမ်းရင်း အမှောင်ထဲ တိုးဝင်ပျောက်ကွယ်သွားသည့် ရှုချန်း၏ ပုံရိပ်ကို ကြည့်ရင်း တူချီတစ်ယောက် အထိတ်လန့်ကြီး ထိတ်လန့်သွားလေတော့သည်။

"ဘယ်လို မကောင်းဆိုးဝါးလဲ"

သူ့မျက်ခွံများ တဆတ်ဆတ် တုန်ယင်လာပြီး တစ်ကိုယ်လုံး ယားယံလာတော့သည်။

စံအိမ်ကြီးအတွင်းရှိ အမျိုးသမီးများသည်လည်း ကြောက်လွန်း၍ ထောင့်များတွင် ပုန်းအောင်းရင်း ရှိုက်ကြီးတငင် ငိုကြွေးနေကြတော့၏။

တူချီက အဝေးထိန်းခလုတ်ဆီ ပြေးသွားပြီး စံအိမ်ကြီးအတွင်းမှ ရှိရှိသမျှ မီးလုံးများကို ဖွင့်လိုက်၏။ နေ့အလား လင်းထိန်သွားသော မီးအလင်းရောင်အောက်၌ ရှုချန်း၏ မျက်နှာကို ရုတ်တရက် မြင်လိုက်ရသဖြင့် လန့်ဖြန့်သွားလေတော့သည်။

တူချီက ရှုချန်းအား သေနတ်နှင့် ချိန်ပြီး "မင်းက လူလား၊ သရဲလား။ ဟာ ဂရုမစိုက်ဘူးကွာ။ ငါတို့အချင်းချင်း ရန်ငြိုးတွေ ရှိကြတာ မဟုတ်ဘူး။ မင်း ဘာဖြစ်လို့ ဒီလို လုပ်ရတာလဲ"

"ရန်ငြိုး မရှိဘူး ဟုတ်လား"

ရှုချန်းက ရယ်မောလိုက်၏။

"ငါဘယ်သူမှန်း မင်း မသိဘူးလား"

ထို့နောက် မျက်နှာဖုံးကို ဆုတ်ဖြဲပြီး ပြုံးပြလိုက်လေသည်။

"သေချာကြည့် ... ငါ့ကို မှတ်မိပြီလား"

ထိုအခါမှ တစ်မြို့လုံးအနှံ့ သူ လိုက်ရှာနေသော အာရှသား ဖြစ်နေသည်ကို တူချီ အလန့်တကြား တွေ့လိုက်ရသည်။ သို့သော် ကြောက်လွန်းအားကြီး၍ ဝန်မခံရဲဘဲ ချီတုံချတုံ ဖြစ်နေလေသည်။

နတ်နဂါးစစ်သည်Where stories live. Discover now