အပိုင်း ၂၅၆ + ၂၅၇( နှစ်လေး )

Start from the beginning
                                    

'အဘိုးကြီး ... ကျုပ်ကို လာနောက်နေတာလား'

ရှုချန်းတစ်ယောက် အဘိုးအိုအား ဂြိုဟ်ကြည့် ကြည့်လိုက်လေ၏။

"အဘိုး ... ကျွန်တော့်ကို ဘာဖြစ်လို့ အနိမ့်ဆုံး (၃) လောက် မပေးနိုင်ရတာလဲ။ (၃) လည်း ဂဏန်းငယ်တယ်လေ။ ဒါပေမဲ့ (၂) ထက်တော့ အများကြီး အရှက်ရစရာ မဟုတ်ဘူးပေါ့။ ထောင့်ကဒ် နံပါတ် (၂) ဟုတ်လား။ တမင်သက်သက်ကြီး ကျွန်တော့်ကို လာအရှက်ခွဲနေတာလားလို့"

(စာရေးသူ မှတ်စု - ဒိုင်းမွန်းကဒ် ခေါ် ထောင့်ကဒ်များအား လေးထောင့်ကဒ်များဟု ခေါ်ဝေါ်သေးသည်။ လေးထောင့်ကဒ်နှင့် (၂) ဂဏန်း နှစ်ခုစလုံးမှာ 'ငဒူ' ဟူသော အဓိပ္ပါယ်လည်း သက်ရောက်လေသည်။)

အဘိုးအိုက နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်သည်။

"မင်းက ဂုဏ်တောင်ယူရဦးမယ်။ မင်း သိရဲ့လား။ နဂါးတပ်ဖွဲ့တစ်ဖွဲ့လုံးမှာ မင်းတစ်ယောက်တည်း ကဒ်နံပါတ် (၂) ရထားတာကွ"

ရှုချန်း၏ မျက်လုံးမှ မျက်ရည်များ စီးကျလာတော့သည်။

"တစ်ယောက်တည်း ဟုတ်လား။ ဒီကဒ်တွေကို ဘယ်သူ စီထားတာလဲ။ အဲဒီလူက ကျွန်တော့်ကို ဒေါသထွက်ပြီး သေအောင် တမင် ကြပ်နေတာလား"

အဘိုးအို ... "ဒါပေမဲ့လည်း ကုဒ်တွေအရဆို နံပါတ် (၂) လည်း ပြိုင်စံရှား ပါရမီရှင်တစ်ယောက်ပါပဲကွာ"

ရှုချန်း "အဲဒီကောင်ရဲ့ ပါးကို ရိုက်ရမှ ဖြစ်တော့မယ်"

အဘိုးအိုက "သူ့ကို ပါးရိုက်ချင်တယ်ပဲ စွတ်ပြောမနေနဲ့ကွ။ အဲဒီလူက အဖွဲ့ကို ကုဒ်နံပါတ်တွေ အတိုင်း ဖြစ်အောင် အများကြီး အားထုတ် စဉ်းစားထားရတာ။ နောင်ကျမှ အဲဒီပါရမီရှင်ရဲ့ တကယ့် စေတနာနဲ့ ရည်ရွယ်ချက်ကို မင်း အမှန်အကန် နားလည်သဘောပေါက်လိမ့်မယ်"

ရှုချန်းက "ဒါနဲ့ နေပါဦး .. အဘိုးပြောတဲ့အတိုင်းဆိုရင် နဂါးတပ်ဖွဲ့ တည်ဆောက်ပုံအရ (၅၄) ကဒ် ရှိတယ်ဆို။ ဒါပေမဲ့ အခုပြောသွားတာ (၅၂) ကဒ်ပဲ ရှိသေးတယ်။ ဘာလဲ ... ကျန်တာတွေက ဂျိုကာကဒ်တွေလား"

အဘိုးအိုက "ဟုတ်တယ်။ ဂျိုကာလေးတွေ မဟုတ်ဘူးနော်။ အတိအကျပြောရရင် ကဒ်ပေါင်း (၅၀) ပဲ ရှိတယ်။ နဂါးတပ်ဖွဲ့ရဲ့ အကြီးအကဲက ဂျိုကာကြီးပဲ"

နတ်နဂါးစစ်သည်Where stories live. Discover now