ယွီမောက်ချီက ယွီဖင်ယန်၊ မဒမ်အိုကြီး၊ ယွီစီးယွီ့နှင့် ယွီးရှန်း စသည့် ယွီစံအိမ်တစ်ခုလုံးကို အမုန်းကြီး မုန်းနခဲ့တော့သည်။ အရင်ဆုံး အင်အားကြီးကာ သန်မာအောင်လုပ်ပြီးမှ ယွီစံအိမ်တစ်ခုလုံးကို ခြေထောက်ဖြင့် နင်းချေပစ်မည်။

သို့ပေမယ့် အားနည်းသည့် အမျိုးသမီးအနေနှင့် တော်ဝင်စာမေးပွဲကို ဝင်ဖြေလို့မရလို့ ကိုယ့်ဘာသာ ထင်ပေါ်ကျော်ကြားအောင်လုပ်လို့ မရသဖြင့် ဘယ်လိုနည်းဖြင့် ယွီမိသားစုကို အနိုင်ယူရမည်နည်း။ အများအပြား စဥ်းစားပြီးနောက် သူ(မ) ပိုအာဏာကြီးအောင် လုပ်ဖို့က အိမ်ရှေ့စံမင်းသားကို လက်ထပ်ဖို့ရန်သာ ရှိသည်။

မျက်နှာက လက်ရာကြီး အယောင် ကျသွားသည်နှင့် ယွီမောက်ချီက အိမ်ရှေ့စံမင်းသားနှင့် တခြားမင်းသားတွေရဲ့ အချက်အလက်တွေကို စုဆောင်းခဲ့သည်။ လင်ရှီ သူ(မ)ကို လူတွေနှင့်တွေ့ဆုံရသည့်ပွဲတွေကို ခေါ်ထုတ်သွားနိုင်ဖို့အတွက် လင်ရှီ မြန်မြန် နေကောင်းဖို့ အလောတကြီး ဆော်သြခဲ့သည်။

***

ယနေ့တွင် နံပါတ်(၉)မင်းသမီးက ယွီရှန်းဆီကို ရုတ်တရက် အလည်လာခဲ့သည်။ သူ(မ)ရဲ့အနောက်တွင် ခုံရုံးက အမျိုးသမီး၂ယောက်ပါပြီး မင်းသမီးလေးက အရှက်သည်းစွာ အမြန်လျှောက်ဝင်လာပြီး သူ(မ) အမူအရာက ဝမ်းနည်းကာ အလွန်စိုးရိမ်နေပုံ ပေါက်နေသည်။

ကြာကန်ဘေးမှာ ထိုင်ကာ ငါးစာကျွေးနေသည့် ယွီရှန်းက သူ(မ)ကို မြင်တော့ ထောင်ဟုန်ကို အစာသွပ်မုန့်တွေ ယူလာခိုင်းလိုက်သည်။

"ဟေး ဘာလို့ အဲလောက်ပိန်သွားတာလဲ၊ မေးစေ့တောင် ချွန်ချွန်လေး ဖြစ်နေပြီ"

ယွီရှန်းက လက်ထဲက ငါးစာတွေ အကုန်လုံးကို ကန်ထဲချကျွေးလိုက်သည်။ သူ(မ)က လက်ကို ပြောင်အောင်သုတ်ပြီး မင်းသမီးလေးရဲ့ အောက်မေးစေ့လေးကို ကိုင်ကာ စေ့စေ့စပ်စပ် ကြည့်လိုက်သည်။

နှုတ်ခမ်းလေးစူကာ နံပါတ်(၉)မင်းသမီးလေးက အလွန်ဝမ်းနည်းနေပုံ ပေါက်နေသည်။

"ဘာဖြစ်တာလဲ၊ ဘယ်သူ အနိုင်ကျင့်လို့လဲ"

ယွီရှန်းက ကြာပွတ်ကို ဆုပ်ကိုင်ထားလိုက်သည်။

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now