အပိုင်း - ၂၄၃ +၂၄၄(ဖယ်ရှားပစ်မယ် ( ၂ )

Start from the beginning
                                    

ရန်ရှန်း၏မျက်လုံးများ တောက်ပသွားပြီး အောင်းလီကို ကြည့်လိုက်သည်။

"ဒါပေမဲ့ အခုလောလောဆယ် အဲဒီကြော်ငြာသမားတွေက သဘောတူစာချုပ်ကို ဖျက်သိမ်းပြီး ကျုပ်ကို ငွေ ပြန်အမ်းခိုင်း စေချင်နေကြတယ်..."

အောင်းလီက ဆက်ပြော၏။

"မင်းသာ မင်းရဲ့ဂုဏ်သတင်းကို ပြန်တည်ဆောက်နိုင်မယ်ဆိုရင် သူတို့က စာချုပ်ဖျက်သိမ်းရဲဦးမှာလား... ပြီးတော့ မင်းကလည်း တုံးအလိုက်တာ... ဒီနယ်ပယ်ထဲမှာ ငါ မလှုပ်ရှားနိုင်တာလည်း မဟုတ်ဘူး... အဲဒီသူဌေးတွေနဲ့ ငါ ညစာစားတာဖြစ်ဖြစ် စကားပြောလိုက်မယ်... ကိစ္စတခုခု ရှိတယ်ဆိုရင်လည်း ငါတို့အချင်းချင်း ဆွေးနွေးလို့ရတာပဲလေ... ဒီကိစ္စတွေကို ငါတို့ ကောင်းကောင်းမွန်မွန် ကိုင်တွယ်ပြီး မင်းရဲ့ဂုဏ်သတင်း ထပ်ပြီး မထိခိုက်စေရဘူးလို့ ကတိခံလိုက်မယ်ဆိုရင် အဆင်ပြေပြီ မဟုတ်ဘူးလား..."

ရန်ရှန်းက ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။ "စီအီးအိုအောင်း... တကယ်ပဲ စီအီးအိုအောင်းကို အားကိုးပါတယ်..."

အောင်းလီက ခေါင်းညိတ်၏။

"အခု ငါတို့က တလှေတည်းစီး တခရီးတည်းသွားတွေ ဖြစ်နေပြီပဲ... ပြီးတော့ ငါ ရင်းနှီးမြှုပ်နှံထားတဲ့ ရုပ်ရှင်တွေမှာလည်း မင်းက အဓိက ဇာတ်ဆောင်ဆိုတော့ မင်းသာ တခုခုဖြစ်သွားမယ်ဆိုရင် ငါကူညီပေးရမှာပေါ့... မင်းဂုဏ်သတင်း ပျက်စီးသွားမယ်ဆိုရင် ငါ့မထုတ်လွှင့်ရသေးတဲ့ ရုပ်ရှင်တွေပါ ရေစုန်မျောကုန်တော့မှာပေါ့..."

ရန်ရှန်း၏ အေးဂျင့်ဖြစ်သူက ရန်ရှန်းကိုခေါ်ရန် ဆေးရုံသို့ ရောက်ရှိလာခဲ့သည်။ ရန်ရှန်းတယောက် ပိုက်တန်းလန်းနှင့် ကုမ္ပဏီသို့ ရောက်လာသည့်အခါ မန်နေဂျာဖြစ်သူက ဒေါသတကြီး ကြိမ်းမောင်းတော့၏။ သူ၏ ဒေါသူပုန်ထနေသောအသံက လျှောက်လမ်းတစ်ခုလုံးပင် ပဲ့တင်ထပ်နေခဲ့သည်။

ရန်ရှန်းတစ်ယောက် အခန်းတွင်းဝင်လာသည်နှင့် ကုမ္ပဏီဝန်ထမ်းများအားလုံး ခေါင်းငုံ့ထားလိုက်ကြသည်။ သူတို့အားလုံးက မန်နေဂျာဖြစ်သူ၏ ဆူပူကြိမ်းမောင်းခြင်း ခံထားရသည်မှာ သိသာလှသည်။

နတ်နဂါးစစ်သည်Where stories live. Discover now