အခန်း ၂၄၁ + ၂၄၂(ငါ သူ့ကို ယုံတယ် )

Start from the beginning
                                    

ရန်ရှန်းက မျက်လုံးများမှေးကြည့်ရင်း ပြန်ပြော၏။

"သူ့အမှားတွေသူ နားလည်တဲ့အခါကျရင် ကျုပ်ကို ပြန်တောင်းပန်စေရမယ်.."

ထိုညတွင် ဟူပင်းက သူ၏သူငယ်ချင်းများနှင့်အတူ အရက်သောက်နေခဲ့သည်။ ဘားထဲတွင်လည်း အတော်လေး ဆူညံနေ၏။ ရှုချန်းထံမှ ဖုန်းဝင်လာသည်တွင် ဟူပင်းက သန့်စင်ခန်းထဲ သွား၍ ဖုန်းကိုင်လိုက်သည်။

"ဟယ်လို အစ်ကိုကြီးချန်း.."

"မုတ်ဆိတ်ကြီး.. ငါ ရဲဌာနက အလုပ်ထွက်ထားပြီးပြီ ဖြစ်နေတယ်.. မင်း ရှန်ချန်းကို ပိုင်လား.." ဖုန်းထဲမှ ရှုချန်းက မေးလိုက်သည်။

ဟူပင်းက ခေါင်းညိတ်လိုက်သည်။ "ပြောစရာရှိတာသာ ပြောလိုက်ပါ အကိုကြီး.. အစ်ကိုကြီးကိစ္စက ကျွန်တော့်ကိစ္စပဲလေ.."

ရှုချန်းက ဆက်ပြော၏။

"ငါ့မိန်းမက ထုတ်လုပ်သူတချို့နဲ့ ပြဿနာတက်ခဲ့တယ်.. ငါလည်း အဲ့ကောင်တွေကို ရိုက်ခဲ့တယ်.. ငါ့ဆီ သူတို့လာရင် ကိစ္စမရှိသေးဘူး.. ငါကြားတာ သူတို့က ရုပ်ရှင်နယ်ပယ်မှာ အတော်လေး နေရာရှိတဲ့သူတွေပဲ.. ပြီးတော့ ငါ့အမျိုးသမီးကလည်း အဲ့နယ်ပယ်ထဲက ဖြစ်နေတယ်.."

ဟူပင်းက ချက်ချင်းပင် ပြန်ဖြေ၏။

"အစ်ကိုကြီးချန်း.. ဒါ ဘာမှမဟုတ်ဘူး.. ညီလေးဆီက အကူအညီလာတောင်းတာပဲ ပျော်လို့မဆုံးဖြစ်နေပြီ.. ဒီကိစ္စကို လှလှပပလေး ကိုင်တွယ်ပေးမယ်.. ဒါနဲ့ အဲ့ထုတ်လုပ်သူနာမည်က ဘာလဲ.."

ရှုချန်းက ခေါင်းညိတ်လိုက်သည်။

"တစ်ယောက်က အောင်းလီ.. နောက်တစ်ယောက်က စစ်ပြန်ဟောင်းတစ်ယောက်ပဲ.. ရန်ရှန်းလို့ခေါ်တယ်.."

"ဟုတ်ကဲ့ပါ အစ်ကိုကြီးချန်း.. ဒီကိစ္စ ဘာမှမစိုးရိမ်ပါနဲ့တော့.. ကျွန်တော့်မရီးကို ဘယ်သူမှ ထိခွင့်မရှိဘူး.."

"ကောင်းပြီ.. ပြန်ရောက်တဲ့အခါကျမှ အစ်ကိုကြီး မင်းကို အာဂူတောင် (တရုတ်အရက်) တိုက်မယ်.."

ဟူပင်းက ရယ်မော၍ ပြန်ဖြေသည်။ "ဟုတ်ကဲ့ပါ.."

ဖုန်းချပြီးနောက် ဟူပင်းက ဘား၏ အထူးခန်းထဲသို့ ပြန်သွားခဲ့သည်။ သူ၏မိတ်ဆွေတချို့က ရောက်ရှိလာပြီး မေးလိုက်သည်။

နတ်နဂါးစစ်သည်Where stories live. Discover now