Part-1(uni+zawgyi)

Start from the beginning
                                    

အပြင်သွားခါနီးတိုင်းပုံမှန်ကြားနေကျအဒေါ်အပျိုကြီးရဲ့အသံပင်

"အကုန်ပြီးပါပြီ သွားရအောင် "

အမေရယ် အဖေရယ် အဒေါ်နှစ်ယောက်ရယ် ဦးလေးရယ်ကကားတစ်စီး

မောင်နှတွေအားလုံးကကားတစ်စီးနဲ့ထွက်လာခဲ့ကြတယ် အငယ်မအတွက်ဆိုးစက်🥹

shopping mallကိုရောက်တော့ အကြီးဆုံးအမလက်ထဲကိုပိုက်ဆံထည့်ပေးလိုက်တဲ့အမေ

"အမေတို့ဈေး‌၀ယ်တာပြီးရင်ဖုန်းဆက်လိုက်မယ် သမီးတို့လည်းလိုတာ၀ယ် ကြ အမေတို့သွားပြီနော်"

အမေတို့ကလည်းအသီးသီး ၀င်သွားကြတော့ နောက်ကနေ မောင်နှမ၄ယောက်လုံးလိုက်၀င်သွားကြတယ်

ဧကရီနဲ့ အကြီးဆုံးမကြယ်စင်နဲ့ကတစ်တွဲ
အငယ်ဆုံးမောင်လေးအောင်ဘုန်းနဲ့ ရတီနဲ့ကတစ်တွဲအသီးသီးကိုလိုချင်တဲ့ပ္စည်းရှိမဲ့နေရာကိုထွက်လာကြတယ်

ပစ္စည်း၀ယ်ရင်းအကြီးဆုံးအမကစကားစလာတယ်

"ရန်ကုန်ရောက်ရင်ငါကိုသန့်နဲ့သွားတွေ့မှာ သူ့ကိုကနင့်အကြောင်း‌တွေပြောပြထားတယ် သူလည်းသူ့သူငယ်ချင်းနဲ့သဘောတူနေပြီနင့်ကို အဲ့တာနင်လိုက်မလား"

"တကယ်ကြီးပြောလိုက်တာလားရှက်စရာကြီးမကြယ်စင်ရာ"

"အဲ့တော့လိုက်မှာလားမလိုက်ဘူးလား"

"လိုက်မှာပေါ့ဟဲ"

"ပြီးရောအဲ့တာဆိုလဲ အိတ်၀ယ်ချင်လို့ဟိုဘက်သွားရအောင်"

‌အောင်ဘုန်းတို့ဘက်တွင်

"ရတီမ ငါကအစကငါကောလိုက်ရမယ်ထက်ပြီးစိတ်ညစ်နေတာ အခုတော့ငါလွတ်သွားပြီ"

"နင်ကတော့ပျော်နေလိုက်ငါတော့ပျော်မနေဘူး"

"ငါ့သူငယ်ချင်းနဲ့ဝေးရမှာမလို့မလားဟား"

ဟဲ့ပေါက်ကရ အဲ့ကောင်ကိုငါမကြိုက်ဘူး"

"အေးအေး အဲ့တာဆိုလည်းသူ့ကိုကောင်မလေးရှာပေးလိုက်တော့မယ်"

"နင်ပျော်တိုင်းငါ့ကိုမစပါနဲ့ဟ"

"ငါတော့ငါ့အသဲလေးနဲ့မခွဲရလို့ပျော်တယ် နင်လည်းLDRSအဖြစ်နဲ့နေကြပေါ့"

Can I Get A Kiss(Complete)Where stories live. Discover now