Unicode
ဆုထက် မေးကိုလက်နှစ်ဖက်နဲ့ထောက်ကာပြုံးပြုံးကြီးဖြစ်နေသောချစ်တေးမျက်နှာရှေ့လက်ကိုဝှေ့ယမ်းပြီး
''ဟဲ့ နေမကောင်းဘူးလား''
''ဪ ဆုထက် လာသူငယ်ချင်း ငါနင့်ကိုပြောစရာရှိတယ်''
ဆုထက်ကသူမဘေးဝင်ထိုင်ပြီး
''ဘာများလဲ''
''ဒီလိုဟ''
ချစ်တေးကသူမကြုံခဲ့တာကိုဆုထက်အားအသေးစိတ်ဖောက်သည်ပြန်ချ၏။
''သူကအရမ်းချောတာသိလား လုံးဝhandsomeပဲ ဒါပေမယ့်ချေတယ်ဟ သူ့နာမည်လေးတောင်ငါ့ကိုမပြောခဲ့ဘူး ငါ့မှာဘယ်လောက်တောင်လဲဆိုအိပ်မက်တွေပါမက်နေတာအေ အိပ်မက်ထဲမှာငါတို့ကချစ်သူတွေဖြစ်နေကြတာတဲ့ ဟီးဟီး''
''ဖြစ်ရတယ်ဟယ် နင်ပြောတဲ့သူကိုငါမြင်ချင်လိုက်တာ အရမ်းအမွှန်းတင်နေလို့''
''အတည်အတည်ချင်းဂူးရဲ့ အရပ်ရှည်တယ် အသားကလည်းဖြူတယ် မျက်နှာကလည်းကွာမျက်ခုံးထူထူ နှာတံချွန်ချွန်နဲ့မျက်လုံးကဆိုကြယ်လေးတွေလိုတဖိတ်ဖိတ်လက်နေတာ ဘော်ဒီကလည်းလုံးဝအမိုက် style pantအနက်ရောင်လေးနဲ့ရှပ်အဖြူလေးကိုတွဲဝတ်ထားတာ ဟင်း ပြောရင်းနဲ့လွမ်းလာပြီ''
''ရောဂါရင့်နေပြီပဲ အဲဒါအသာထား ငါ့ရဲ့ဒီနှစ်မွေးနေ့ကိုငါ့လေးလေးကအတန်းဖော်တွေကိုပါဖိတ်ခိုင်းထားတာ ပွဲကနည်းနည်းကြီးလောက်တယ် နင်လာရမယ်နော်ချစ်တေး''
''လာမှာပေါ့ဟ စိတ်ချ ဘာလိုချင်လဲဆိုတာကိုသာစာရင်းချရေးထားလိုက် သူဌေးမပေါက်စလေးကရှယ်အမ်းလိုက်မယ်''
''အမလေး ဟုတ်ပါပြီနော်''
''ငါတော့လေ သူနဲ့ပဲထပ်တွေ့ချင်တော့တယ်သိလား''
သူမအတွေးကိုစိတ်ကူးယဥ်ကမ္ဘာထဲပြန်ပြီးနစ်မျောလိုက်သည်။
နာမည်လေးသိရရင်ကိုသိပ်ကောင်းမှာကို။☃☃☃
''ဒေါက် ဒေါက်''
တံခါးခေါက်သံနဲ့အတူချစ်တေးကထူးခြားအခန်းထဲဝင်လာပြီး
''ကိုကိုထူးခြား''
အသံလာရာကိုမော့ကြည့်မိတော့ချစ်တေးကအစိမ်းနုရောင်ဂါဝန်ရှည်လေးနဲ့ခြေသလုံးတစ်ဝက်မရှိတရှိဂါဝန်အနက်ရောင်လေးကိုကိုင်ကာ