Final part

3.8K 62 3
                                    

Unicode

''အဲဒီ့ကောင်မလေးဟာလေ မပြောမဆိုနဲ့သွားလိုက်ရသလား ငါတို့ကိုနှုတ်တောင်ဆက်မသွားဘူး စာလေးတစ်စောင်ပဲထားခဲ့တယ်''

ထမင်းစားခန်းထဲကသူ့အစ်မစကားကြောင့်သူအခန်းထဲဝင်ခဲ့လိုက်သည်။

''ဘယ်သူဘယ်သွားလို့လဲ''

''ဒီမှာကိုယ့်အိမ်ကိုပြန်မယ့်သူကနေခြည်နဲ့ပိုးသားပဲရှိတာလေ နေခြည်ကဒီမှာငုပ်တုပ်ကြီးရှိနေမှတော့တစ်ခြားဘယ်သူရှိဦးမှာလဲ ပိုးသားပေါ့ မနက်ငါးနာရီလောက်ကြီးကတည်းကရွာပြန်သွားတာ ဘာလို့လဲဆိုတော့''

အစ်မဖြစ်သူစကားမဆုံးခင်သူထမင်းစားခန်းထဲမှအမြန်ထွက်ခဲ့လိုက်၏။

''ဟဲ့ ငါပြောတာဆုံးအောင်နားထောင်ဦးလေ ဟိုကသူ့အဒေါ်နေမကောင်းလို့ခဏပြန်သွားတာဟဲ့ ဪ ဒုက္ခပါပဲ''

ကောင်းကင်သူ့အစ်မပြောတာကိုလည်းမကြားနိုင်ဘဲကားပေါ်တက်ကာအိမ်မှအမြန်မောင်းထွက်လာခဲ့လိုက်သည်။

''မင်းတော်တော်ဆိုးတာပဲပိုးသား မင်းကိုယ့်အနားကဘာလို့ထွက်သွားတာလဲ ကိုယ်မင်းကိုရအောင်ပြန်ခေါ်မယ် မင်းကိုကိုယ့်အနားကနေဘယ်မှသွားခွင့်မပေးနိုင်ဘူး''

သူလမ်းထိပ်ကိုရောက်တော့ကားတစ်စီးကသူ့ကားရှေ့ပိတ်ရပ်ကာထိုကားပေါ်ကနေမြူခိုးမှုန်ဆင်းလာလေ၏။

''ကျစ် ဘာလဲကွာ''

သူကားပေါ်ကဆင်းလိုက်ပြီး

''မင်းဘာလုပ်တာလဲ ဖယ် ငါအလျင်လိုနေတယ်''

''ဖယ်မှာပါ အတည်ပြုချင်တာလေးရှိလို့ အဲဒါပြီးရင်ဖယ်ပေးမယ်''

''ဘာလဲပြော''

''ကိုကြီး ပိုးကိုသိပ်ချစ်တာပဲလားဟင်''

''မင်းဘယ်လိုလုပ်ပြီးသိတာလဲ''

''ဒီလောက်သိသာနေတာ မသိဘဲနေပါ့မလား မြူသိချင်တာက ပိုးကကိုကြီးကိုမချစ်နိုင်ဘူးဆိုရင်ကိုကြီးသူ့ကိုပဲဆက်ချစ်နေမှာလား''

''ဟုတ်တယ် ငါသူ့ကိုပဲဆက်ချစ်မှာ''

မဆိုင်းမတွဖြေလာတဲ့သူ့အဖြေကြောင့်မြူခပ်ယဲ့ယဲ့လေးပြုံးလိုက်မိသည်။

You've reached the end of published parts.

⏰ Last updated: Mar 05 ⏰

Add this story to your Library to get notified about new parts!

My Precious Paradise[completed]Where stories live. Discover now