Part.2

2K 57 0
                                    


Unicode

Shopping Centerရဲ့ပတ်ပတ်လည်ကိုလိုက်ကြည့်ပြီးဟိုငေးဒီငေးလုပ်နေသောပိုးသားအားကောင်းကင်သခင်က

''ဘာဖြစ်နေတာလဲ ခပ်တည်တည်နေစမ်းပါ သူများမြင်ရင်ခုမှရောက်ဖူးတယ်ထင်နေဦးမယ်''

''တစ်ကယ်လည်းခုမှရောက်ဖူးတာပဲလေဦးရဲ့''

''ဘာပဲဖြစ်ဖြစ် လူတွေမရိပ်မိအောင်တော့နေမှပေါ့ ဟိုငေးဒီငေးလုပ်မနေနဲ့ ရှက်ဖို့ကောင်းတယ် မင်းမရှက်ပေမယ့်ငါရှက်တယ်''

အရင်စိတ်နဲ့သာဆိုပိုးသားသူ့အားဆွဲလုပ်ပစ်မိမှာပါ။အခုတော့အန်တီမိုးမျက်နှာကြောင့်ပိုးသားငြိမ်နေရ၏။

ဒီလူကြီးကိုတဖြည်းဖြည်းနဲ့ပိုးသားကြည့်မရတော့ပါ။စကားပြောတာမာရေကျောရေနဲ့ ကြီးကျယ်လိုက်တာလည်းသူ့အပြင်နှစ်ယောက်မရှိဘူး ဦးကြီးကျယ်ကြီး။

''သမီး''

''ဟုတ်ဦးကြီးကျယ်''

''ဟင်''

''အယ်''

ပိုးသားကိုယ့်ပါးစပ်ကိုလက်နဲ့ပိတ်ပြီးမျက်လုံးလေးဝင့်ကာသူ့အားခိုးကြည့်တော့သူကပိုးသားအားအမှုန့်ကြိ-တ်ချင်နေနဲ့အကြည့်ကြီးနဲ့ကြည့်နေလေသည်။

အန်တီမိုးကလည်းရယ်ကာ

''ငါ့သမီးကတော့လေ စိတ်ထဲကစကားကအပြင်ကိုလျှံထွက်လာရတယ်လို့ ကဲလာ ဟိုရှေ့ကဆိုင်မှာသမီးအရွယ်ဝတ်လှလှလေးတွေရှိတယ်''

''ဟုတ်''

အန်တီမိုးကပိုးသားတွေ့ဖူးသမျှထဲမှာသဘောအကောင်းဆုံးပင်။ပိုးသားကိုအဝတ်အစားတွေဖိနပ်တွေဝယ်ပေးတာမနည်းမနော။
အန်တီမိုးတော့မသိပေမယ့်ပိုးသားကတော့ပိုက်ဆံတွေနှမြောမိသလိုထိုပစ္စည်းတွေကိုလက်ခံရတာလည်းအားနာမိသည်။

👑👑👑

''ဘာရယ်အစ်မ ပိုးသားကိုသမီးအဖြစ်အမွေစားအမွေခံမွေးစားမယ်ဟုတ်လား''

''အင်းလေ ဘာလို့လဲ''

''အစ်မရူးများသွားပြီလားလို့ပါ သူအိမ်ကိုရောက်တာတစ်ပတ်မပြည့်သေးဘူးနော်အစ်မ''

''ဘာဖြစ်လဲအဲဒီတော့''

''သူ့အကြောင်းအစ်မဘယ်လောက်သိပြီလဲ''

My Precious Paradise[completed]Место, где живут истории. Откройте их для себя