တုန်အာက အစောထဲက သူတို့နှစ်ယောက်ကို အမြင်ကပ်နေတာ ကြာပြီ ဒီနေ့တော့ သူမက သည်းမခံနိုင်တော့ဘူး ထင်ပါရဲ့ တစ်စက္ကန့်လေးအတွင်း သူ့ရဲ့ မကျေနပ်ချက်တွေအကုန် တရစပ် ပြောချသွားတယ်။

"ရှန်းချောင်က နဂိုထဲက သခင်မကျီရဲ့လူပဲလေ သူငါ့ကို ဖားနေတယ်ဆိုတာကလည်း ငွေတွေရချင်လို့ပဲ အခုငွေတုံးတွေအကုန်သူ့ကိုပေးလိုက်လို့ ပြောင်သွားမှတော့ ငါ့ကိုဆက်ဖားနေစရာ ဘယ်လိုတော့မလဲ ယွမ်ရွှမ်းကျတော့ ငါကရှန်းချောင်ကိုဘဲ အရေးပေးပြီး ​သူကျဘာမှမရတော့ မလွဲမသွေ သူကငါ့ကို ပိုမုန်းနေမှာပဲ"

ကျန်းလီက နောက်ဆုံးကျန်တဲ့ကိတ်ကိုစားလိုက်ပြီး ပါးစပ်တစ်ဝက်အပြည့်လက်ဖက်ရည်သောက်ကာ မျှောချလိုက်တယ်။

တုန်အာက ဘေးမှာ ရပ်နေတယ်။ ကျန်းအိမ်တော်ကိုပြန်ရောက်ပြီးနောက် ကျီရှုးရန်မှာ ကျန်းလီနဲ့ အဝင်ဂိတ်မှာလိုထပ်ဖြစ်ဖို့အချိန်မရှိလို့လားမသိ သူက ဘာမှတော့ ထပ်မနှောင့်ယှက်သေးဘူး။ အစားအသောက်နဲ့ တခြားအသုံးပြုဖို့ဟာတွေကလည်း သိပ်မဆိုးတော့ ကျန်းလီရဲ့ အသားအရောင်နဲ့သွင်ပြင်က ပိုပြီး ကောင်းလာတယ်။ သူမရဲ့ မျက်နှာက မွေးရာပါလှပြီးသားအပြင် ပြီးခဲ့တဲ့ ရက်တွေမှာ အဝတ်အစားတွေကလည်း မဆိုးတော့ ကျန်းလီက မိန်းမလှလေးဖြစ်လာတယ်။

သူမရဲ့လှုပ်ရှားမှုတွေကို တုန်အာက ရှင်းပြနိုင်စွမ်းမရှိပေမဲ့ သူလှုပ်တော့ လှုပ်ရှားနေတယ်လို့ ထင်ရတာပဲ။ တုန်အာရဲ့တွေးတောငေးငိုင်နေတဲ့ပုံကို ကျန်းလီက မြင်တော့ မေးတယ်။

"ဘာဖြစ်လို့လဲ"

တုန်အာက ငေးငိုင်နေရာက တန်းတန်းမတ်မတ် မေးလာတယ်။

"မမလေး ဒီနေ့က သခင်မလေး ၃ရဲ့ ဆံထိုးသဘင်အခမ်းအနားလည်းရှိမှာ..သူတို့က မမလေးကိုလာခွင့်မပေးထားဘူးမလား"

အခုအချိန်ထိ ဘယ်သူကမှ ကျန်းလီကို ပွဲတက်ဖို့ လာမပြောသေးဘူး။ ကျန်းလီအစစ်သာဆိုရင် အခုချိန်ထိတ်ထိတ်ပျာပျာဖြစ်ပြီး သူ့နေရာသူတောင်မေ့သွားလောက်တယ်။ သူ့အနေနဲ့ ရင်ထဲက ရှုပ်ထွေးတဲ့ခံစားချက်တွေကို ဖိနှိပ်ထားဖို့ ခက်မှာပဲ။ ခြုံပြောရရင် ကျန်းသခင်မကြီးလို သူ့ရဲ့ ဂုဏ်သိက္ခာ နဲ့ သန့်ရှင်းတဲ့နာမည်ကို သိပ်အလေးထားတဲ့သူတစ်ယောက်အနေနဲ့ ကျန်းလီလို နာမည်ဆိုးရှိပြီးသား လူတစ်ယောက်ကို ပွဲမှာ မျက်နှာပျက်စေမဲ့အရာတွေ လုပ်မှာစိုးလို့ မတက်စေချင်တာကို အပြစ်ပြောလို့လည်း မရဘူး။ သမိုင်းမှာ ကျန်းလီရဲ့ ဆိုးရွားလွန်းတဲ့ လုပ်ရပ်ကြီးက ရေးထိုးထားပြီးသားဖြစ်တဲ့အပြင် ဒီပွဲကို အမတ်ကြီးနင်းယွမ်ရဲ့ဆက်ခံသူ ကျိုးယန်ပန်လည်း လာမှာဆိုတော့ သူတို့နှစ်ယောက် တွေ့ကြရင် သူမကသူ့ရဲ့ အတင်းအဓမ္မဖျက်သိမ်းခံလိုက်ရတဲ့ လက်ထပ်ပွဲအကြောင်းပြန်သတိရသွားပြီး ခံစားချက်တွေကို မထိန်းချုပ်နိုင်တော့ဘဲ စည်းကျော်တဲ့တစ်ခုခု လုပ်ရင်တောင် လုပ်လိုက်နိုင်တယ်။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now