အခန်း ၂၃၈ +​၂၃၉ + ၂၄၀(ရည်ရွယ်ချက် ရှိရှိ )

Start from the beginning
                                    

ရန်ရှန်းတစ်ယောက် ဒေါသအိုး ပေါက်ကွဲလေတော့သည်။

"မင်းပြောလို့ ပြီးပြီလား... မင်းက တကယ်ကို အဆိုးအကောင်း နားမလည်တဲ့ မိန်းမပဲ.. ငါတို့အားလုံးက အနုပညာနယ်ပယ်သား အချင်းချင်းပဲ.. အကျည်းတန်တဲ့ စကားမျိုးကို အကျယ်ကြီး အော်ပြောနေစရာ လိုလား... ပြီးတော့ မင်းကိုယ်မင်း သူတော်စင်မကြီးလို ဟန်ဆောင်မနေနဲ့.. နားလည်လား.. မင်းကို ပြောလိုက်ဦးမယ်.. မင်းငါ့ကို မကြိုက်ရင်တောင် ငါဒီသောက်ဇာတ်လမ်းကို ဆက်ရိုက်မှာ.. မင်း ဒီနယ်ပယ်ကို မကြိုက်ရင်လည်း ငါမင်းနဲ့ ဆက်ရိုက်မှာ.. ဒီနယ်ပယ်က ဘယ်လို အလုပ်လုပ်တယ် ဆိုတာ မင်းနားလည်သွားအောင် သင်ပေးမယ်.."

ထိုသို့ပြောပြီးနောက် ရန်ရှန်းက တံခါးကိုတွန်း၍ အခန်းထဲမှ ထွက်ခွာသွားသည်။ မူလက လင်ချူရွယ်အနေဖြင့် ရန်ရှန်းအကြောင်းများ သိထားသည့်တိုင် မသိဟန်ဆောင်၍ အလိုက်အထိုက် မေးထူးခေါ်ပြော ပေးနိုင်သေးသည်။

သို့သော် ယခုတော့ ဘီလူးခေါင်းဆောင်း ပေါ်သွားပြီ ဖြစ်ရာ သူမအနေဖြင့် အားနာနေရန် မလိုတော့ချေ။

အမှန်တော့ ရန်ရှန်းကဲ့သို့ အတွေ့ကြုံရှိ ဝါရင့်သရုပ်ဆောင် တစ်ဦးအနေဖြင့် လင်ချူရွယ်ကဲ့သို့ လွန်ခဲ့သည့် လေးနှစ်ကမှ အနုပညာလောကထဲ ဝင်လာသူ တစ်ဦးကို မယှဉ်နိုင်စရာ အကြောင်းမရှိပေ။

လက်ထောက်ဒါရိုက်တာက ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်လျှက် လင်ချူရွယ်ကို နားချသည်။

"လင်မိန်းကလေး... ပြန်တောင်းပန် လိုက်ပါလား.. နမ်းတယ်ဆိုတာ ဘာမှမဟုတ်ပါဘူး.. နှုတ်ခမ်းလေး ထိရုံပဲကို အသားပဲ့ပါသွားတာမှ မဟုတ်တာ.."

လင်ချူရွယ်က လက်ထောက်ဒါရိုက်တာကို ဒေါသတကြီး စိုက်ကြည့်ပြီးနောက် နှာခေါင်းရှုံ့ကာ အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။

အပြင်ဘက်တွင်တော့ ရန်ရှန်းက ထုတ်လုပ်သူကို တိုက်ရိုက်ဖုန်းခေါ်၍ ပြော၏။

"ဟယ်လို..လူအိုကြီးအောင်း.. ကျွန်တော် ရန်ရှန်းပါ.. ပြောစရာ ရှိလို့... ဘာပဲဖြစ်ဖြစ် ပြန်တော့ကြားညှိလို့ မရတော့ဘူး.. မိန်းကလေး ဇာတ်ကောင် လူလဲလိုက်ပါလား.. ဒီကောင်မနဲ့တော့ တော်ပြီ... သူ့ကို ပညာပေးဖို့ ကျွန်တော့် အဆက်သွယ်တွေ ရှာထားလိုက်မယ်.. အတွေ့ကြုံမရှိတဲ့ Royal Capital ကုမ္ပဏီလေးက အဲ့ကောင်မကို ဘယ်လို ကာကွယ်ပေးနိုင်မလဲ ဆိုတာ ကြည့်ကြသေးတာပေါ့..ဟမ့်.."

နတ်နဂါးစစ်သည်Where stories live. Discover now