အခန်း ၂၃၄ +​၂၃၅(ဆုပေးပွဲ )

Start from the beginning
                                    

အမာရွတ်မျက်နှာလီက မျက်ခုံးပင့်ရင်း ကြည့်ပြီးနောက် ရယ်မောလိုက်သည်။

"မပူပါနဲ့... နောက်တစ်ကြိမ်ကျရင် ဘယ်သူက ဘယ်သူ့ကို ရိုက်မလဲဆိုတာ မသိနိုင်သေးပါဘူး.."

ထို့နောက် သူတို့နှစ်ဦးက အခမ်းအနား ကျင်းပရာဆီသို့ လျှောက်လှမ်း လာခဲ့သည်။ အခမ်းအနား ကျင်းပရာ ခမ်းမထဲတွင်တော့ ပြိုင်ပွဲဝင် စစ်သည်တော် အယောက် (၅၀၀) လုံး ဝန်ထမ်းများ နေရာချထား ပေးသည့်အတိုင်း ထိုင်ခုံအသီးသီးတွင် နေရာယူလိုက်ကြသည်။

ခေါင်းဆောင်းရှဲ့နှင့် ညွှန်မှူးရန်တို့က စစ်ဒေသအမှတ်(၅)နယ်မြေ၏ ပထမဦးဆုံးအတန်းတွင် နေရာယူထားသည်ကို ရှုချန်း တွေ့လိုက်ရသည်။

ဤနှစ်တွင် စစ်ဒေသအမှတ်(၅)၏ ထိုင်ခုံအဆင့်က အတော်လေး စိတ်ဝင်စားစရာ ကောင်းလှသည်။ ပြိုင်ပွဲတွင် ချန်ပီယံရခဲ့သောကြောင့် စစ်ဒေသအမှတ်(၅) ထိုင်ခုံတန်းများ အားလုံးက ပထမဆုံးနေရာသို့ ပြောင်းရွှေ့ထား၏။

ခေါင်းဆောင်ရှဲ့နှင့် ဌာနမှူးတို့မှာ ပါးစပ် နားရွက်တက်ချိတ်မတတ် ပြုံးနေခြင်းကို မရပ်နိုင်တော့ချေ။ အားလုံး၏ရှေ့တွင် ထိုင်ရပြီး နောက်လူများ အားလုံးက သူတို့၏ကျောကို ကြည့်ရှုနေရသော ခံစားချက်က အတော်လေး ကောင်းမွန်လှသည် မဟုတ်ပါလား။

အားလုံး ထိုင်ခုံနေရာ ယူပြီးသည့်အခါ စီနီယာအရာရှိအချို့ အခမ်းအနား ကျင်းပရာ ခမ်းမထဲ လျှောက်လှမ်း ဝင်ရောက်လာကြသည်။ သူတို့အားလုံးက မတ်တပ်ရပ်ပြီးနောက် နိုင်ငံတော်အလံကို လွှင့်ထူ၏။ စစ်သားများအားလုံးက နိုင်ငံတော်တေးသီချင်း သီဆိုရင်း တညီတညာတည်း အလေးပြုလိုက်ကြသည်။

နောက်ဆုံးတွင်တော့ အားလုံး ပြန်ထိုင်ပြီးနောက် စီနီယာအရာရှိများက အဖွင့်မိန့်ခွန်း ပြောကြားသည်။ သူ၏စကားများက စစ်သားများကို စိတ်ခွန်အား တက်ကြွစေရန်သာ။

"မိသားစုရှိမှ နိုင်ငံရှိလိမ့်မယ်.. နိုင်ငံကို ကာကွယ်တာဟာ ကိုယ့်ရဲ့အိမ်ကို ကာကွယ်တာပဲ.. သန်းပေါင်းများစွာသော မိသားစုတွေကို ကာကွယ်တာပဲ.. ဒီနေ့ မင်းတို့အားလုံး ကိုယ့်ရဲ့ စွမ်းဆောင်ရည်နဲ့ ခွန်အားကို ပြသပြီး ထူးချွန်မှတ်အသီးသီး ရရှိသွားကြပြီ.. မင်းတို့ ဘယ်နေရာ ဘယ်ဒေသမှာပဲ တာဝန်ကျကျ ဒီနိုင်ငံရဲ့ ကျောရိုးမကြီး အဖြစ်နဲ့ နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုကို ကာကွယ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်.. မင်းတို့ ပိုပြီးသန်မာလာလေလေ၊ ရရှိလာမယ့် ရာထူးနဲ့ တာဝန်ဝတ္တရားတွေ ပိုကြီးလာလေလေပဲ.. နိုင်ငံကလည်း ပိုပြီး ကြွယ်ဝချမ်းသာလာလိမ့်မယ်.. အနာဂတ်မှာ စစ်သားတစ်ယောက်ရဲ့တာဝန်ကို မင်းတို့ ကျေပွန်နိုင်မယ်လို့ မျှော်လင့်ပါတယ်.. မင်းတို့ရဲ့ အတားအဆီး အကန့်အသတ်တွေကို ချိုးဖျက်နိုင်တဲ့ အတွက်လည်း မင်းတို့အားလုံးကိုယ်စား ငါ ဂုဏ်ယူမိပါတယ်.."

နတ်နဂါးစစ်သည်Where stories live. Discover now